Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 12:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 အကယ်၍ စာတန်​သည် စာတန်​ကို နှင်ထုတ်​လျှင် သူ​သည် မိမိကိုယ်မိမိ ပြိုကွဲ​ရန် တိုက်ခိုက်ခြင်း​ဖြစ်၏။ သူ​၏ နိုင်ငံ​သည်လည်း တည်တံ့​ခိုင်မြဲမည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 သို့​ဖြစ်​၍​စာ​တန်​၏​အုပ်​စိုး​မှု​ကို​ဝန်​ခံ​သူ​တို့ သည်​အ​ချင်း​ချင်း​တိုက်​ခိုက်​လျက်​နေ​ပါ​လျှင် သူ​၏​နိုင်​ငံ​သည်​အ​ဘယ်​သို့​တည်​တံ့​နိုင်​ပါ မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ထို နည်း တူ စာ တန် သည် စာ တန် ကို နှင် ထုတ် လျှင် အ တွင်း၌ ကွဲ ပြား လျက် ရှိ သော ကြောင့် သူ့ နိုင် ငံ သည် မည် သို့ တည် မြဲ မည် နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 စာ​တန်​သည်​လည်း စာ​တန်​ကို​နှင်​ထုတ်​သည်​မှန်​လျှင်၊ သူ​သည် မိ​မိ​နှင့် ကွဲ​ပြား၏။ သူ၏​နိုင်​ငံ​သည် အ​ဘယ်​သို့ တည်​နိုင်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 စာတန်​သည် စာတန်​ကို​နှင်ထုတ်​လျှင် မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​၏။ သို့ဖြစ်လျှင် သူ​၏​နိုင်ငံ​သည် မည်သို့​တည်မြဲ​မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

26 စာ​တန်​သည်​လည်း စာ​တန်​ကို​နှင်​ထုတ်​သည်​မှန်​လျှင်၊ သူ​သည် မိ​မိ​နှင့် ကွဲ​ပြား၏။ သူ၏​နိုင်​ငံ​သည် အ​ဘယ်​သို့ တည်​နိုင်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 12:26
13 ပူးပေါင်းရင်းမြစ်များ  

လမ်း​ပေါ်တွင် ကျသော​မျိုးစေ့​မှာ နိုင်ငံတော်​နှင့်​ဆိုင်သော တရားစကား​ကို ကြား​သော်လည်း နားမလည်သော​သူ​ကို ဆိုလို၏။ ထိုအခါ မာရ်နတ်​သည်​လာ​၍ ထို​သူ၏​စိတ်နှလုံး​တွင် ကြဲထားသော​မျိုးစေ့​ကို နုတ်ယူလေ၏။


ယေရှု​က “အို စာတန်မာရ်နတ်… ငါ့​ထံမှ ထွက်သွားလော့။ ကျမ်းစာ​၌ ရေးသားထားသည်​မှာ ‘သင်​၏​ဘုရားသခင် ထာဝရဘုရား​ကိုသာ ကိုးကွယ်​ရမည်။ ထို​အရှင်​တစ်ပါးတည်း​ကိုသာ ဝတ်ပြု​ရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။


သို့သော် ဖာရိရှဲတို့​က “သူ​သည် နတ်ဆိုးများ​ကို နှင်ထုတ်နိုင်ခြင်း​မှာ နတ်ဆိုးမင်း​၏​တန်ခိုး​ကို ရရှိထား​သောကြောင့်​ဖြစ်သည်” ဟု ပြောဆိုကြ၏။


ယခုအချိန်​သည် ဤ​လောက​ကို တရားစီရင်သည့်​အချိန်​ဖြစ်၏။ ဤ​လောက​၏ မင်း​ဖြစ်သော စာတန်မာရ်နတ်​သည် နှင်ထုတ်ခြင်း​ခံရ​လိမ့်မည်။


ဤ​လောကီ​ကို အုပ်ချုပ်သော​မင်း ရောက်လာတော့မည်​ဖြစ်သောကြောင့် ငါ​သည် သင်တို့​နှင့် ပြောဆို​ရန် အချိန်​များစွာ မရှိတော့ပေ။ ထို​မင်း​သည် ငါ့​အပေါ် ကြီးစိုး​ရန် မည်သည့်​အာဏာ​မျှ မရှိ။


တရားစီရင်တော်မူခြင်း​အကြောင်း​ကို ဖော်ပြရခြင်း​မှာ လောက​ကို အုပ်စိုးသော​မင်း​သည် တရားစီရင်ခြင်း​ခံရပြီ​ဖြစ်သောကြောင့်​ပင်။


ဤ​လောက​၏ ဘုရား​ဖြစ်သော စာတန်​သည် မယုံကြည်သောသူတို့​၏ စိတ်နှလုံး​ကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့​သည် ဘုရားသခင်​၏ ပုံသဏ္ဌာန်တော်​ဖြစ်သည့် ခရစ်တော်​၏ ဘုန်းအသရေ​နှင့်​ပြည့်စုံသော သတင်းကောင်း​၏​အလင်း​ကို မမြင်နိုင်ခြင်း​ဖြစ်၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို အမှောင်​၏ အုပ်စိုးမှု​ထဲမှ ကယ်တင်​၍ မိမိ​ချစ်တော်မူသော သားတော်​၏ နိုင်ငံတော်​ထဲသို့ ခေါ်သွင်းတော်မူ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြောင်း​နှင့် လောကီသား​အပေါင်းတို့​သည် မာရ်နတ်​၏​ထိန်းချုပ်မှု​အောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့​သိကြ၏။


ထို​နဂါး​သည် တစ်ကမ္ဘာလုံး​ကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟု​ခေါ်သော ရှေးမြွေဟောင်း​ဖြစ်ပြီး သူ​၏ တမန်များ​နှင့်အတူ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံခဲ့ရ၏။


ထို့နောက် ပဉ္စမ​ကောင်းကင်တမန်​သည် သူ​၏ ဖလား​ကို သားရဲ​၏ ရာဇပလ္လင်​ပေါ်သို့ သွန်းလောင်းလိုက်​သောအခါ သားရဲ​၏ နိုင်ငံ​သည် မှောင်မိုက်သွား၏။ လူတို့​သည် ပြင်းထန်သော​ဝေဒနာ​ကြောင့် လျှာ​ကို ကိုက်ထားကြရ၏။


သူတို့​၏​ရှင်ဘုရင်​မှာ တွင်းနက်ကြီး​၏​ကောင်းကင်တမန်​ဖြစ်၏။ သူ​၏ အမည်​မှာ ဟေဗြဲဘာသာ​ဖြင့် အာဗဒ္ဒုန်၊ ဂရိဘာသာ​ဖြင့် အပေါလျုန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ