သင်၏မိဘကို ရိုသေလော့။ ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟု မိန့်တော်မူ၏။
လုကာ 10:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူကလည်း “ ‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်တစ်ခုလုံး၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့် ချစ်လော့။ ထိုမျှမက ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ပါရှိပါသည်” ဟု ဖြေလေ၏။ Common Language Bible ထိုသူက ``သင်၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနှင့်ချစ်လော့။ သင်၏အိမ်နီးချင်းကိုကိုယ် နှင့်အမျှချစ်လော့ဟုပါရှိပါသည်'' ဟူ၍ လျှောက်၏။ Garrad Bible ထို သူ က သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး၊ အ သက် ဝိ ညာဉ်၊ အ စွမ်း သ တ္တိ၊ ဉာဏ် သ တ္တိ အ ကြွင်း မဲ့ ချစ် လော့ ဟူ၍ လည်း ကောင်း၊ အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ၍ လည်း ကောင်း ရေး ထား ပါ သည် ဟု ပြန် ဆို သော်၊ Judson Bible ထိုသူက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူက “သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အစွမ်းသတ္တိရှိသမျှနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည်ဟူ၍လည်းကောင်း၊ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်ဟူ၍လည်းကောင်း ဖြစ်ပါသည်”ဟု လျှောက်လေ၏။ မြန်မာ ထိုသူက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက်လေ၏။- |
သင်၏မိဘကို ရိုသေလော့။ ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟု မိန့်တော်မူ၏။
ယေရှုက “ပညတ်ကျမ်းတွင် မည်သို့ရေးထားသနည်း။ သင်သည် မည်သို့ဖတ်ဖူးသနည်း” ဟု ပြန်၍ မေးလေ၏။
အဘယ်ကြောင့်ဆိုသော် “သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ လူ့အသက်ကို မသတ်နှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။ သူတစ်ပါးဥစ္စာကို မတပ်မက်နှင့်” ဟူသော ပညတ်ချက်များနှင့် အခြားပညတ်တို့၏ အနှစ်ချုပ်မှာ “ကိုယ်နှင့် သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသည့် ပညတ်ဖြစ်သောကြောင့် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။
ထာဝရဘုရားမိန့်တော်မူသည်မှာ ထိုကာလပြီးနောက် ငါသည် အစ္စရေးလူမျိုးတို့နှင့် ပဋိညာဉ်ဖွဲ့မည်။ ငါ့ပညတ်တရားကို သူတို့အသိဉာဏ်၌ ထည့်သွင်း၍ သူတို့၏ နှလုံးသား၌ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည် ငါ၏လူများဖြစ်ကြလိမ့်မည်။
ကျမ်းစာတွင် ပါသည့် “ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသော ရွှေပညတ်တော်ကို အမှန်တကယ် လိုက်နာကျင့်သုံးနိုင်လျှင် သင်တို့သည် မှန်ကန်စွာ ပြု၏။