အမှောင်တွင် နေထိုင်ကြသောလူတို့သည် အလင်းရောင်ကြီးကို မြင်ရပြီ။ သေမင်းအရိပ်ရှိရာ အရပ်၌ နေကြသောသူတို့အပေါ်တွင် အလင်းသည် ထွန်းလင်းပြီ” ဟူ၍ ဖြစ်၏။
လုကာ 1:79 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအလင်းသည် အမှောင်ထုနှင့် သေခြင်းတရား၏ အရိပ်အောက်တွင် နေထိုင်သောသူများအပေါ် ထွန်းလင်း၍ အကျွန်ုပ်တို့၏ခြေကို ငြိမ်းချမ်းခြင်းလမ်းထဲသို့ လမ်းညွှန်တော်မူလိမ့်မည်” ဟူ၍ ဖြစ်၏။ Common Language Bible သေမင်း၏အရိပ်တွင်နေထိုင်သူများအပေါ် ထွန်းလင်းစေလိမ့်မည်။ ထို့အပြင်ငါတို့အားငြိမ်းချမ်းရေးလမ်းသို့ ပို့ဆောင်စေလိမ့်မည်'' ဟူ၍တည်း။ Judson Bible မှောင်မိုက်နှင့် သေမင်း၏အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက်ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဉာဏ်နှင့် ဟောလေ၏။- မြန်မာ့စံမီသမ္မာကျမ်း မှောင်မိုက်နှင့် သေခြင်း၏အရိပ်ထဲတွင်နေထိုင်သောသူတို့အပေါ် ထွန်းလင်းကာ ငါတို့၏ခြေကို ငြိမ်သက်ခြင်းလမ်းထဲသို့ပို့ဆောင်တော်မူ၏”ဟု ဆိုလေ၏။ မြန်မာ မှောင်မိုက်နှင့် သေမင်း၏အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက်ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဉာဏ်နှင့် ဟောလေ၏။- |
အမှောင်တွင် နေထိုင်ကြသောလူတို့သည် အလင်းရောင်ကြီးကို မြင်ရပြီ။ သေမင်းအရိပ်ရှိရာ အရပ်၌ နေကြသောသူတို့အပေါ်တွင် အလင်းသည် ထွန်းလင်းပြီ” ဟူ၍ ဖြစ်၏။
ထိုကယ်တင်ရှင်သည် လူမျိုးခြားတို့အား ကိုယ်တော့်အကြောင်းကို ဖော်ပြပေးမည့်အလင်းနှင့် ကိုယ်တော်၏လူမျိုးတော်ဖြစ်သော အစ္စရေးလူမျိုးတို့၏ ဘုန်းအသရေအတွက် အလင်းဖြစ်တော်မူ၏” ဟု ဆိုလေ၏။
စစ်မှန်သောအလင်းရှင်မှာမူ ဤကမ္ဘာလောကသို့ ကြွလာ၍ လူအပေါင်းတို့ကို အလင်းပေးတော်မူသောအရှင်ဖြစ်၏။
ငါ့ကို ယုံကြည်သောသူတိုင်း အမှောင်၌ မနေစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ ကြွလာပြီ။
တစ်ဖန် ယေရှုက လူတို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရရှိ၍ အမှောင်ထုထဲတွင် သွားလာရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
သင်တို့သည် ယခင်က အမှောင် ဖြစ်ခဲ့သော်လည်း ယခုတွင်မူ သခင်ဘုရား၏ လူများ ဖြစ်လာကြသောကြောင့် အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏ သားသမီးများကဲ့သို့ ပြုမူနေထိုင်ကြလော့။