ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘိုးဘေးများအပေါ် ကရုဏာပြတော်မူမည်ဖြစ်ကြောင်းနှင့် သူ၏သန့်ရှင်းသောပဋိညာဉ်ကို သတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။
ငါတို့၏ဘိုးဘေးများအပေါ်ဝယ်ကရုဏာ ထားတော်မူမည်ဖြစ်ကြောင်းနှင့်၊ ပဋိညာဉ်တော်ကိုသတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီ။
ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။
အစ္စရေးလူမျိုးတို့သည် သတင်းကောင်းကို ငြင်းပယ်ကြသောကြောင့် ဘုရားသခင်၏ ရန်သူများဖြစ်ကြပြီး ထိုအရာသည် လူမျိုးခြားဖြစ်သော သင်တို့အတွက် အကျိုးဖြစ်လာစေ၏။ သို့သော်လည်း ဘုရားသခင်သည် သူတို့၏ ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကို ရွေးကောက်ထားတော်မူသောကြောင့် သူတို့အား ချစ်တော်မူဆဲ ဖြစ်၏။
သူတို့သည် ဘုရားသခင်၏ သားသမီးအဖြစ် ရွေးချယ်ခြင်းခံရသော အစ္စရေးလူမျိုးများ ဖြစ်ကြ၏။ ဘုရားသခင်သည် မိမိ၏ဘုန်းအသရေတော်ကို သူတို့အား ဖော်ပြတော်မူ၏။ သူတို့နှင့် ပဋိညာဉ်များဖွဲ့၍ ပညတ်တရားကိုလည်း ပေးတော်မူ၏။ ကိုးကွယ်ရမည့်နည်းနှင့် မိမိ၏ကတိတော်များကို သူတို့အား ပေးတော်မူ၏။