သူသည် အစ္စရေးလူမျိုးများကို ထာဝရအုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံတော်သည်လည်း အဆုံးမရှိ တည်လိမ့်မည်” ဟု ဆို၏။
လုကာ 1:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မာရိကလည်း ကောင်းကင်တမန်အား “ကျွန်မသည် အပျိုစင်ဖြစ်သောကြောင့် ဤအခြင်းအရာသည် မည်သို့ဖြစ်လိမ့်မည်နည်း” ဟု မေး၏။ Common Language Bible မာရိက ``ကျွန်မသည်သတို့သမီးကညာဖြစ် သဖြင့်အဘယ်သို့လျှင်ကိုယ်ဝန်ဆောင်၍သား ဖွားနိုင်ပါမည်နည်း'' ဟုကောင်းကင်တမန်အား မေး၏။ Garrad Bible မာ ရိ က လည်း ထို အ တိုင်း မည် သို့ ဖြစ် နိုင် ပါ အံ့ နည်း။ ကျွန် မ သည် ယောက်ျား နှင့် မ ဆက် ဆံ ပါ ဟု လျှောက် ဆို သော်၊ Judson Bible မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျားနှင့် မဆက်ဆံပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။- မြန်မာ့စံမီသမ္မာကျမ်း မာရိကလည်း “ကျွန်မသည် ယောက်ျားနှင့်ဆက်ဆံခြင်းမရှိသည်ဖြစ်၍ ဤအမှုအရာသည် မည်သို့ဖြစ်လိမ့်မည်နည်း”ဟု ကောင်းကင်တမန်အား မေးလေ၏။ မြန်မာ မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျားနှင့် မဆက်ဆံပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။- |
သူသည် အစ္စရေးလူမျိုးများကို ထာဝရအုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံတော်သည်လည်း အဆုံးမရှိ တည်လိမ့်မည်” ဟု ဆို၏။
ကောင်းကင်တမန်က “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်၌ သက်ရောက်တော်မူ၍ အမြင့်မြတ်ဆုံးသောဘုရားသခင်၏တန်ခိုးတော်သည် သင့်ကို လွှမ်းခြုံလိမ့်မည်။ ထို့ကြောင့် မွေးဖွားလာမည့် သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။
သို့သော်လည်း ထ၍ မြို့ထဲသို့ဝင်လော့။ သင်မည်သို့ဆောင်ရွက်ရမည်ကို ပြောပြလိမ့်မည်” ဟု တုံ့ပြန်တော်မူ၏။