နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
လုကာ 1:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဧလိရှဗက် ကိုယ်ဝန်ခြောက်လရှိသောအခါ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့တွင် နေထိုင်သည့်မိန်းမပျိုတစ်ဦးထံသို့ စေလွှတ်တော်မူ၏။ Common Language Bible ဧလိရှဗက်ကိုယ်ဝန်ဆဋ္ဌမလသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့ရှိမိန်းမပျိုတစ်ဦးထံ သို့စေလွှတ်တော်မူ၏။- Garrad Bible ဆ ဌ မ လ တွင် ဂါ လိ လဲ နယ် နာ ဇ ရက် မြို့ နေ ဒါ ဝိဒ် မင်း အ နွယ် ယော သပ် ဆို သူ နှင့် ထိမ်း မှန်း ထား သော အ ပျို က ညာ မာ ရိ ထံ ဘု ရား သ ခင် လွှတ် တော် မူ သည့် အ တိုင်း စေ တ မန် တော် ဂါ ဗြေ လ ရောက် လာ သော်၊ Judson Bible ငါးလလွန်သောအခါ၊ ဂါလိလဲပြည် နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင်း၍၊- မြန်မာ့စံမီသမ္မာကျမ်း ဆဋ္ဌမလတွင် ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲနယ်၊ နာဇရက်ဟုခေါ်သောမြို့၌ရှိသည့် အပျိုကညာတစ်ဦးထံသို့စေလွှတ်တော်မူ၏။ မြန်မာ ငါးလလွန်သောအခါ၊ ဂါလိလဲပြည် နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင်း၍၊- |
နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
ကောင်းကင်တမန်က “ငါသည် ဘုရားသခင်၏ရှေ့တော်၌ ခစားရသောဂါဗြေလ ဖြစ်၏။ ထိုအရှင်က သင့်အား ဤဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။
သူငယ်၏မိဘတို့သည် ထာဝရဘုရား၏ပညတ်တရားနှင့်အညီ ပြုလုပ်ရမည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ သူငယ်ကို ခေါ်၍ ဂါလိလဲပြည် နာဇရက်မြို့သို့ ပြန်သွားကြ၏။
ယောသပ်သည်လည်း ဒါဝိဒ်မင်းအမျိုးအနွယ်မှ ဆင်းသက်လာသူဖြစ်သောကြောင့် ဂါလိလဲပြည်နာဇရက်မြို့မှ ယုဒပြည်ရှိ ဗက်လင်မြို့ဟု ခေါ်သော ဒါဝိဒ်၏မြို့သို့ သွားလေ၏။
အခြားသောသူများက “ဤသူသည် ခရစ်တော်ဖြစ်သည်” ဟု ဆိုကြ၏။ သို့သော် တချို့က “ခရစ်တော်သည် ဂါလိလဲပြည်မှ ပေါ်ထွန်းပါမည်လော။