ထိုနေရာ၌ လက်တစ်ဖက်သေသော လူတစ်ဦးကို ယေရှုသည် တွေ့မြင်တော်မူ၏။ ဖာရိရှဲတို့ကလည်း ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် “ဥပုသ်နေ့၌ အနာရောဂါကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
ရှင်ယောဟန် 9:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဖာရိရှဲတချို့က “သူသည် ဥပုသ်နေ့တွင် အလုပ်လုပ်သောကြောင့် ဘုရားသခင်ထံတော်မှ လာသောသူ မဖြစ်နိုင်” ဟု ဆိုကြ၏။ သို့သော် တချို့က “သာမန်လူ အပြစ်သားတစ်ဦးသည် ထိုကဲ့သို့သော နိမိတ်လက္ခဏာကို မည်သို့ ပြုနိုင်မည်နည်း” ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့အချင်းချင်း သဘောထားကွဲလွဲကြ၏။ Common Language Bible အချို့သောဖာရိရှဲတို့က ``ထိုသူသည်ဥပုသ် မစောင့်သဖြင့်ဘုရားသခင်ထံမှကြွလာ သူမဟုတ်'' ဟုဆိုကြ၏။ အချို့ကမူ ``အပြစ်ကူးသူတစ်စုံတစ်ယောက် သည်အဘယ်သို့လျှင် ဤသို့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ ဤသို့လျှင်ထိုသူတို့သည် အချင်းချင်းစိတ်သဘောကွဲလွဲလျက်နေ ကြ၏။ Garrad Bible ထိုအခါဖာရိရှဲအချို့က ဤသူသည်ဥပုသ်နေ့ကိုမစောင့်သောကြောင့် ဘုရားသခင့်အထံတော်မှ မဟုတ်ဟူ၍လည်းကောင်း၊ အချို့က အပြစ်သားဖြစ်သူသည် ဤသို့သောနိမိတ်လက္ခဏာများကို အသို့ပြုနိုင်သနည်းဟူ၍လည်းကောင်း ဆိုလျက်ကွဲပြားကြသည်ဖြစ်၍၊ Judson Bible ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူ မဟုတ်ဟု ဆိုကြ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်သနည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖာရိရှဲအချို့တို့က “ဤသူသည် ဥပုသ်နေ့ကိုမစောင့်ထိန်းသောကြောင့် ဘုရားသခင်ထံမှလာသောသူမဟုတ်”ဟု ဆိုကြ၏။ သို့သော် အချို့တို့က “အပြစ်သားဖြစ်သောသူတစ်ဦးသည် ဤသို့သောနိမိတ်လက္ခဏာများကို မည်သို့ပြုနိုင်မည်နည်း”ဟု ဆိုကြသဖြင့် သူတို့ထဲတွင်ကွဲပြားခြင်းရှိ၏။ မြန်မာ ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူ မဟုတ်ဟု ဆိုကြ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်သနည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။- |
ထိုနေရာ၌ လက်တစ်ဖက်သေသော လူတစ်ဦးကို ယေရှုသည် တွေ့မြင်တော်မူ၏။ ဖာရိရှဲတို့ကလည်း ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် “ဥပုသ်နေ့၌ အနာရောဂါကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
သို့သော် ဖာရိရှဲတချို့သည် တပည့်တော်တို့ပြုသော အရာကို မြင်သောအခါ “သင်၏ တပည့်တော်တို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟု ကိုယ်တော်အား လျှောက်ကြ၏။
ထိုအခါ ဥပုသ်နေ့တွင် ထိုအမျိုးသမီးအား ယေရှုကျန်းမာစေသောကြောင့် ဝတ်ပြုဆောင်မှူးသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရန် ခြောက်ရက်ရှိသည် ဖြစ်၍ ဥပုသ်နေ့တွင် မဟုတ်ဘဲ ကျန်သည့်နေ့များတွင် ကုသမှုခံယူရန်လာကြလော့” ဟု ပရိသတ်များကို ပြောလေ၏။
ထိုစကားတော်တို့ကြောင့် ယေရှုအကြောင်းနှင့်ပတ်သက်၍ ဂျူးလူမျိုးတို့အထဲတွင် သဘောထားကွဲလွဲကြပြန်၏။
ငါသည် ခမည်းတော်၌ တည်၍ ခမည်းတော်သည် ငါ၌ တည်နေသည်ကို ယုံကြလော့။ သို့မဟုတ်လျှင်လည်း ငါပြုသောအမှုတို့ကို ထောက်၍ ယုံကြလော့။
ငါသည် သူတို့ရှေ့တွင် မည်သူမျှမပြုနိုင်သည့် နိမိတ်လက္ခဏာများကို မပြုဘဲနေခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် ငါပြုသည့် နိမိတ်လက္ခဏာများကို တွေ့မြင်လျက်နှင့် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မုန်းကြ၏။
ဤသို့ဖြင့် ယေရှုသည် ပထမဦးဆုံးသောနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြုတော်မူလျက် မိမိဘုန်းတော်ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ယုံကြည်ကြ၏။
သူသည် ညအခါ ယေရှုထံသို့ လာပြီးလျှင် “ဆရာတော်… ဘုရားသခင်အတူရှိတော်မမူလျှင် ဆရာတော်ပြုသောနိမိတ်လက္ခဏာများကို မည်သူမျှ ပြုနိုင်မည်မဟုတ်သည်ကို ထောက်၍ ဆရာတော်သည် ဘုရားသခင်ထံတော်မှ ကြွလာသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်ပြုတော်မူသော နိမိတ်လက္ခဏာများကိုထောက်ရှု၍ ဘုရားသခင်သည် ဆရာတော်နှင့်အတူရှိတော်မူသည့် သက်သေထင်ရှားပါ၏” ဟု လျှောက်လေ၏။
ထို့ကြောင့် ဂျူးခေါင်းဆောင်တို့က ရောဂါပျောက်ကင်းသွားသောသူအား “ယနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထို့ကြောင့် သင်၏ အိပ်ရာကို သယ်ယူခြင်းသည် ဘုရားသခင်၏ ပညတ်တော်နှင့်မကိုက်ညီပါ” ဟု ပြောကြ၏။
သို့သော် ယောဟန်၏ သက်သေထက် ကြီးမြတ်သော သက်သေသည် ငါ၌ ရှိ၏။ ခမည်းတော်သည် ငါ့အား ထိုအမှုတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် ပေးအပ်တော်မူ၏။ ထိုအမှုတို့ကပင် ငါ့ကို ခမည်းတော်စေလွှတ်တော်မူကြောင်း သက်သေခံကြ၏။
ထိုအခါ ဂျူးလူမျိုးတို့က “ဤသူသည် သူ့အသားကို ငါတို့စားရန် မည်သို့ပေးနိုင်မည်နည်း” ဟု အချင်းချင်း ငြင်းခုံကြ၏။
လူထု အထဲတွင်လည်း ကိုယ်တော်အကြောင်းကို အမျိုးမျိုးတီးတိုးပြောဆိုလျက်ရှိကြ၏။ တချို့က “သူသည် သူတော်ကောင်းတစ်ဦးဖြစ်သည်” ဟု ဆိုကြ၏။ တချို့ကမူ “သူတော်ကောင်း မဟုတ်။ သူသည် လူထုကို လှည့်ဖြားသူဖြစ်သည်” ဟု ဆိုကြ၏။
လူတစ်ဦးသည် ဥပုသ်နေ့တွင် အရေပြားလှီးခြင်းမင်္ဂလာကိုခံရန် အချိန်ကျသော် သင်တို့သည် မောရှေ၏ ပညတ်ကျမ်းကို မချိုးဖောက်လိုသဖြင့် ထိုသူအား အရေပြားလှီးခြင်းမင်္ဂလာကို ပေးကြ၏။ သို့ဖြစ်လျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ဦးကို ကျန်းမာစေသည့်အတွက် သင်တို့သည် အဘယ်ကြောင့် ငါ့ကို အမျက်ထွက်ကြသနည်း။
ထို့ကြောင့် သူတို့သည် မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ် ခေါ်၍ “ဤအရာအတွက် ဘုရားသခင်ရှေ့တော်တွင် အမှန်အတိုင်း ပြောလော့။ ထိုယေရှုသည် အပြစ်သားဖြစ်ကြောင်း ငါတို့သိကြ၏” ဟု ဆိုကြ၏။
သို့သော် မြို့သူမြို့သားတို့သည် အုပ်စုကွဲကာ တချို့မှာ ဂျူးတို့ဘက်ပါ၍ တချို့မှာ တမန်တော်တို့ဘက်ပါကြ၏။