Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 12:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ထို​နေရာ​၌ လက်တစ်ဖက်​သေသော လူ​တစ်ဦး​ကို ယေရှု​သည် တွေ့မြင်တော်မူ၏။ ဖာရိရှဲတို့​ကလည်း ယေရှု​ကို ပြစ်တင်​စွပ်စွဲ​လို​သဖြင့် “ဥပုသ်နေ့​၌ အနာရောဂါ​ကို ကုသပေးခြင်း​သည် ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 တ​ရား​ဇ​ရပ်​ထဲ​တွင်​လက်​တစ်​ဖက်​သေ​သူ​လူ တစ်​ယောက်​ရှိ​၏။ လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ပြစ်​တင်​စွပ်​စွဲ​လို​၍ ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ ပျောက်​ကင်း​စေ​အပ်​ပါ​သ​လော'' ဟု​မေး​လျှောက် ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 လက် တစ် ဖက် သေ ခြောက် လျက် နေ သော လူ တစ် ယောက် ရှိ သ ဖြင့် ကိုယ် တော် ကို အ ပြစ် စွဲ ဆို လို၍ သူ တို့ က ဥ ပုသ် နေ့ တွင် သူ နာ ကို ကျန်း မာ စေ အပ် သ လော ဟု မေး မြန်း ကြ သည့် ကာ လ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 လူ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ မေး​လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို​နေရာ​၌ လက်​တစ်​ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၍ သူ​တို့​သည် ကိုယ်တော်​ကို​စွပ်စွဲ​နိုင်​ရန်​အတွက် “ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

10 လူ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ မေး​လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 12:10
21 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဖာရိရှဲ​တချို့​သည် တပည့်တော်တို့​ပြုသော အရာ​ကို မြင်​သောအခါ “သင်​၏ တပည့်တော်တို့​သည် ပညတ်တရား​အရ ဥပုသ်နေ့​၌ မပြုသင့်သော​အမှု​ကို အဘယ်ကြောင့်​ပြုကြသနည်း” ဟု ကိုယ်တော်​အား လျှောက်ကြ၏။


ဖာရိရှဲ​တချို့​သည် စမ်းသပ်လို​သဖြင့် ကိုယ်တော်​ထံသို့ လာ​၍ “လူတစ်ဦး​သည် မည်သည့်​အကြောင်း​ကြောင့်​ဖြစ်စေ မိမိ​ဇနီး​ကို ကွာရှင်းသည်​မှာ ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။


ဖာရိရှဲတို့​သည် ယေရှု​ကို ပြစ်တင်​စွပ်စွဲ​လို​သဖြင့် ယေရှု​သည် ဥပုသ်နေ့​တွင် ထို​သူ​အား ကုသမည်၊ မကုသမည်​ကို စောင့်ကြည့်​နေကြ၏။


ကိုယ်တော်​၏​ဟောပြောတော်မူချက်များ​တွင်လည်း အမှား​တစ်စုံတစ်ခု​ကို ရှာ​လျက်​နေကြ၏။


ထိုအခါ ဥပုသ်နေ့​တွင် ထို​အမျိုးသမီး​အား ယေရှု​ကျန်းမာစေ​သောကြောင့် ဝတ်ပြုဆောင်မှူး​သည် စိတ်ဆိုး​လျက် “အလုပ်လုပ်​ရန် ခြောက်ရက်​ရှိသည် ဖြစ်​၍ ဥပုသ်နေ့​တွင် မဟုတ်ဘဲ ကျန်သည့်​နေ့များ​တွင် ကုသမှု​ခံယူ​ရန်​လာကြလော့” ဟု ပရိသတ်များ​ကို ပြောလေ၏။


ဆီဇာဘုရင်​အား အကျွန်ုပ်တို့​က အခွန်​ပေးဆောင်ခြင်း​သည် ပညတ်တော်​နှင့် ကိုက်ညီသလော။ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။


“သင်တို့​သည် ဤ​လူ​အား လူထု​ကို ပုန်ကန်စေသူ​အဖြစ် ငါ့​ထံသို့ ခေါ်ဆောင်လာ​သဖြင့် သင်တို့​ရှေ့​တွင် ငါ​စစ်ဆေး၏။ သို့သော်လည်း သင်တို့​စွပ်စွဲထားသော ပြစ်မှုများ​၌ မည်သည့်​ပြစ်ချက်​ကိုမျှ သူ့​ထံတွင် ငါ​မတွေ့ရ။


ထို​သူတို့​က “ဤ​သူ​သည် ပြည်သူလူထု​ကို လမ်းမှားစေ​၍ ဆီဇာဘုရင်​ထံ အခွန်​ပေးဆောင်ခြင်း​အား တားမြစ်နေသည်​ကို​လည်းကောင်း၊ မိမိကိုယ်ကိုယ် ခရစ်တော်​ဟူသော ရှင်ဘုရင်​တစ်ပါး​ဖြစ်ကြောင်း ပြောဆိုနေသည်​ကို​လည်းကောင်း အကျွန်ုပ်တို့​တွေ့ရှိပါသည်” ဟု စွပ်စွဲကြ၏။


ထို့ကြောင့် ဂျူး​ခေါင်းဆောင်တို့​က ရောဂါ​ပျောက်ကင်းသွားသော​သူ​အား “ယနေ့​သည် ဥပုသ်နေ့​ဖြစ်၏။ ထို့ကြောင့် သင်​၏ အိပ်ရာ​ကို သယ်ယူခြင်း​သည် ဘုရားသခင်​၏ ပညတ်တော်​နှင့်​မကိုက်ညီပါ” ဟု ပြောကြ၏။


ထို​မုခ်များ​အောက်​တွင် ဖျားနာသူ၊ မျက်စိ​မမြင်သူ၊ ခြေမသန်သူ၊ လေဖြတ်သူ စသည့်​လူနာ​အမြောက်အမြားတို့​သည် လဲလျောင်းနေကြ၏။ (သူတို့​သည် ရေလှုပ်ရှားချိန်​ကို စောင့်နေကြခြင်း​ဖြစ်၏။


လူတစ်ဦး​သည် ဥပုသ်နေ့​တွင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို​ခံ​ရန် အချိန်ကျ​သော် သင်တို့​သည် မောရှေ​၏ ပညတ်ကျမ်း​ကို မချိုးဖောက်လို​သဖြင့် ထို​သူ​အား အရေပြားလှီးခြင်း​မင်္ဂလာ​ကို ပေးကြ၏။ သို့ဖြစ်လျှင် ငါ​သည် ဥပုသ်နေ့​၌ လူတစ်ဦး​ကို ကျန်းမာစေသည့်​အတွက် သင်တို့​သည် အဘယ်ကြောင့် ငါ့​ကို အမျက်ထွက်ကြသနည်း။


သူတို့​သည် ယေရှု​ကို ပြစ်တင်စွပ်စွဲ​နိုင်ရန် ထိုသို့ လျှောက်ထား​၍ ထောင်ချောက်ဆင်ကြခြင်း​ဖြစ်၏။ သို့ရာတွင် ယေရှု​သည် အောက်သို့​ငုံ့​၍ မြေပြင်​ပေါ်​တွင် လက်ညှိုးတော်​ဖြင့် ရေးခြစ်​လျက်​နေတော်မူ၏။


ထို့ကြောင့် ဖာရိရှဲ​တချို့​က “သူ​သည် ဥပုသ်နေ့​တွင် အလုပ်လုပ်​သောကြောင့် ဘုရားသခင်​ထံတော်မှ လာသော​သူ မဖြစ်နိုင်” ဟု ဆိုကြ၏။ သို့သော် တချို့​က “သာမန်လူ အပြစ်သား​တစ်ဦး​သည် ထိုကဲ့သို့သော နိမိတ်​လက္ခဏာ​ကို မည်သို့ ပြုနိုင်မည်နည်း” ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့​အချင်းချင်း သဘောထား​ကွဲလွဲကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ