ယေရှုက “သင်တို့ကို ငါပြောခဲ့ပြီးဖြစ်၏။ သို့သော်လည်း သင်တို့မယုံကြည်ကြ။ ခမည်းတော်၏ အခွင့်တော်အားဖြင့် ငါပြုသော အမှုတို့သည် သက်သေဖြစ်ကြ၏။
ရှင်ယောဟန် 8:58 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါအမှန်ဆိုရလျှင် အာဗြဟံ မဖြစ်မီကပင် ငါဖြစ်၏” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားအာဗြဟံမမွေးဖွားမီက ပင်ငါရှိနှင့်၏'' ဟုမိန့်တော်မူ၏။ Garrad Bible ယေရှုက ငါဧကန်အမှန်ဆိုသည်ကား အာဗြဟံမဖြစ်မီငါတည်သည်ဟုမိန့်တော်မူရာ ကိုယ်တော်ကိုပစ်ခတ်ရန်ခဲကောက်ကြ၏။ Judson Bible ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မီ ငါဖြစ်၏ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“သင်တို့အား ငါအမှန်အကန်ဆိုမည်။ အာဗြဟံမမွေးဖွားမီကပင် ငါရှိ၏”ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မီ ငါဖြစ်၏ဟု မိန့်တော်မူ၏။- |
ယေရှုက “သင်တို့ကို ငါပြောခဲ့ပြီးဖြစ်၏။ သို့သော်လည်း သင်တို့မယုံကြည်ကြ။ ခမည်းတော်၏ အခွင့်တော်အားဖြင့် ငါပြုသော အမှုတို့သည် သက်သေဖြစ်ကြ၏။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
အို အဖ… ကမ္ဘာမတည်ရှိမီက ကိုယ်တော်နှင့်အတူ အကျွန်ုပ်ရရှိသော ဘုန်းအသရေဖြင့် အကျွန်ုပ်ကို ရှေ့တော်၌ ယခုဘုန်းကြီးစေတော်မူပါ။
ထို့ကြောင့် ‘သင်တို့သည် သင်တို့၏အပြစ်ကြောင့် သေဆုံးကြရမည်’ ဟု ငါပြောဆိုခြင်းဖြစ်၏။ ငါသည် ထိုအရှင်ဖြစ်ကြောင်း သင်တို့ မယုံကြည်သရွေ့ သင်တို့သည် သင်တို့၏ အပြစ်ကြောင့် သေဆုံးကြရမည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ယေရှုက “သင်တို့သည် လူသားကို လက်ဝါးကပ်တိုင်ပေါ်တွင် တင်ထားသောအချိန်၌ ငါသည် ထိုအရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ ငါသည် မည်သည့်အမှုကိုမျှ မိမိသဘောဖြင့် မလုပ်ဆောင်ဘဲ ခမည်းတော်ညွှန်ကြားတော်မူသည့်အတိုင်း ဟောပြောသည်ကိုလည်းကောင်း သိကြလိမ့်မည်။
သင်တို့အား ငါအမှန်ဆို၏။ ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ” ဟု မိန့်တော်မူ၏။
သားတော်သည် အရာအားလုံးမရှိမီ အလျင်ရှိနှင့်တော်မူ၏။ ဖန်ဆင်းခံအရာအားလုံးသည် ကိုယ်တော်ကြောင့်သာ စနစ်တကျ ဖြစ်တည်လျက် ရှိကြ၏။
ထိုအသံက “သင်မြင်သောအရာကို စာစောင်တွင် ရေး၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။
ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် အနန္တတန်ခိုးရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။
စမုရနမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ အစဦးဆုံးနှင့် နောက်ဆုံးဖြစ်သောသူ၊ အသေခံပြီး အသက်ပြန်ရှင်လာသောသူက ဤသို့မိန့်တော်မူ၏။