သူတို့က “သင်သည် ခရစ်တော်ဖြစ်သလော။ ငါတို့အားပြောလော့” ဟု မေးကြ၏။ သို့သော် ယေရှုက “သင်တို့ကို ငါပြောလျှင် ယုံကြည်ကြမည်မဟုတ်။
ရှင်ယောဟန် 8:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူတို့က “သင်သည် မည်သူနည်း” ဟု မေးကြ၏။ ယေရှုက “ငါမည်သူဖြစ်ကြောင်းကို သင်တို့ကို အစဦးကပင် ပြောခဲ့ပြီ။ Common Language Bible ထိုသူတို့က ``သင်သည်အဘယ်သူနည်း'' ဟု မေးကြ၏။ သခင်ယေရှုက ``ငါအဘယ်သူ ဖြစ်သည်ကိုအစကတည်းကသင်တို့အား ငါပြောခဲ့ပြီ။- Garrad Bible ထိုသူတို့ကလည်း၊ သင်မည်သူနည်းဟုမေးကြသော်၊ ယေရှုက အဘယ်အကြောင်းနှင့် သင်တို့အားငါပြောရဦးမည်နည်း။ Judson Bible ထိုသူတို့ကလည်း သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆိုသည်အတိုင်း ငါဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့ကလည်း “သင်သည် မည်သူဖြစ်သနည်း”ဟု မေးကြလျှင် ယေရှုက“ငါမည်သူဖြစ်သည်ကို အစအဦးကပင် သင်တို့အား ငါပြောလာခဲ့၏။ မြန်မာ ထိုသူတို့ကလည်း သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆိုသည်အတိုင်း ငါဖြစ်၏။- |
သူတို့က “သင်သည် ခရစ်တော်ဖြစ်သလော။ ငါတို့အားပြောလော့” ဟု မေးကြ၏။ သို့သော် ယေရှုက “သင်တို့ကို ငါပြောလျှင် ယုံကြည်ကြမည်မဟုတ်။
ဂျူးခေါင်းဆောင်တို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိမျိုးနွယ်များကို ဂျေရုဆလင်မြို့မှ ယောဟန်ထံသို့ စေလွှတ်၍ “သင်သည် မည်သူနည်း” ဟု မေးမြန်းစေ၏။ ထိုအခါ ယောဟန်က ဤသို့ သက်သေခံ၏။
ထိုသူတို့ကလည်း “ဤသို့ဆိုလျှင် သင်သည် မည်သူနည်း။ ငါတို့ကို စေလွှတ်သောသူတို့အား အဖြေတစ်စုံတစ်ခုပေးရမည်။ သို့ဖြစ်၍ သင့်ကိုယ်သင် မည်သူဟု ဆိုပါမည်နည်း” ဟု မေးမြန်းကြ၏။
ဂျူးလူမျိုးတို့သည် ယေရှုထံတော်သို့ စုဝေးလာ၍ “သင်သည် မည်မျှကြာသည်အထိ ငါတို့ကို ဝေခွဲဆုံးဖြတ်ရခက်စေမည်နည်း။ အကယ်၍ သင်သည် ခရစ်တော်မှန်လျှင် ငါတို့ကို အတိအလင်းပြောပါ” ဟု ဆိုကြ၏။
ထို့ကြောင့် ပိလတ်မင်းသည် ယေရှုကို ရုံးတော်သို့ ပြန်၍ ခေါ်ဆောင်ပြီးလျှင် “သင်သည် အဘယ်ကလာသနည်း” ဟု မေး၏။ သို့သော် ယေရှုသည် အဖြေမပေးဘဲ နေတော်မူ၏။
တစ်ဖန် ယေရှုက လူတို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရရှိ၍ အမှောင်ထုထဲတွင် သွားလာရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ‘သင်တို့သည် သင်တို့၏အပြစ်ကြောင့် သေဆုံးကြရမည်’ ဟု ငါပြောဆိုခြင်းဖြစ်၏။ ငါသည် ထိုအရှင်ဖြစ်ကြောင်း သင်တို့ မယုံကြည်သရွေ့ သင်တို့သည် သင်တို့၏ အပြစ်ကြောင့် သေဆုံးကြရမည်” ဟု မိန့်တော်မူ၏။
သင်တို့နှင့်ပတ်သက်၍ ငါပြောစရာများစွာ၊ စီရင်စရာများစွာ ရှိ၏။ သို့သော်လည်း ငါမပြော၊ မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါ့ကိုစေလွှတ်တော်မူသော အရှင်ထံမှ ကြားသိသောအရာများကိုသာ လောကီသားတို့ကို ငါဟောပြော၏။ ထိုအရှင်သည် ဖြောင့်မှန်သောအရှင် ဖြစ်တော်မူသည်” ဟု မိန့်တော်မူ၏။