Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 8:25 - မြန်မာ

25 ထို​သူ​တို့​က​လည်း သင်​သည်​အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ယေ​ရှု​က၊ ငါ​သည်​သင်​တို့​အား အ​စဉ်​ပြော​ဆို​သည်​အ​တိုင်း ငါ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ထို​သူ​တို့​က ``သင်​သည်​အ​ဘယ်​သူ​နည်း'' ဟု မေး​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​အ​ဘယ်​သူ ဖြစ်​သည်​ကို​အ​စ​က​တည်း​က​သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ထိုသူတို့ကလည်း၊ သင်မည်သူနည်းဟုမေးကြသော်၊ ယေရှုက အဘယ်အကြောင်းနှင့် သင်တို့အားငါပြောရဦးမည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ထို​သူ​တို့​က​လည်း သင်​သည်​အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ယေ​ရှု​က၊ ငါ​သည်​သင်​တို့​အား အ​စဉ်​ပြော​ဆို​သည်​အ​တိုင်း ငါ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ထို​သူ​တို့​က​လည်း “သင်​သည် မည်သူ​ဖြစ်​သနည်း”​ဟု မေး​ကြ​လျှင် ယေရှု​က“ငါ​မည်သူ​ဖြစ်​သည်​ကို အစအဦး​ကပင် သင်​တို့​အား ငါ​ပြော​လာ​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ထိုအခါ သူတို့​က “သင်​သည် မည်သူနည်း” ဟု မေးကြ၏။ ယေရှု​က “ငါ​မည်သူ​ဖြစ်ကြောင်း​ကို သင်တို့​ကို အစဦး​ကပင် ပြောခဲ့ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 8:25
9 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ငါ​တို့​အား ပြော​လော့​ဟု​ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​ပြော​လျှင် သင်​တို့​သည် မ​ယုံ။-


ယု​ဒ​လူ​တို့​က၊ သင်​သည်​အ​ဘယ်​သူ​နည်း​ဟု ယော​ဟန်​ကို​မေး​မြန်း​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​လူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ စေ​လွှတ်​သော​အ​ခါ၊ ယော​ဟန်​သည် သက်​သေ​ခံ​လေ​သည်​မှာ၊-


ထို​သူ​တို့​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နည်း။ ငါ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​အား ပြန်​လျှောက်​စ​ရာ ရှိ​စေ​ခြင်း​ငှာ၊ သင်​သည်​ကိုယ်​ကို အ​ဘယ်​သို့​ဆို​သ​နည်း​ဟု မေး​ပြန်​ကြ၏။-


ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​တို့​ကို ယုံ​မှား​စေ​မည်​နည်း။ ခ​ရစ်​တော်​မှန်​လျှင် အ​တည့်​အ​လင်း​ပြော​ပါ​ဟု ဆို​ကြ၏။-


ယေ​ရှု​အား၊ သင်​သည် အ​ဘယ်​က​ဖြစ်​သ​နည်း​ဟု​မေး​လျှင်၊ တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ၊-


တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ထို​ကြောင့်​သင်​တို့​သည် ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


သင်​တို့​အ​မှု၌ ငါ​ပြော​ဆို​စီ​ရင်​စ​ရာ များ​စွာ​ရှိ၏။ သို့​သော်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သူ၏​အ​ထံ​တော်၌ ငါ​ကြား​သ​မျှ​ကို​သာ ဤ​လော​က၌ ငါ​ဟော​ပြော​သည်​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ