သားသည် ဖခင်ကိုလည်းကောင်း၊ သမီးသည် မိခင်ကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း၊ အချင်းချင်း ဆန့်ကျင်စေရန် ငါလာ၏။
ရှင်ယောဟန် 7:43 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ယေရှုအကြောင်းနှင့်ပတ်သက်၍ လူထုထဲ၌ သဘောထားကွဲလွဲကြ၏။ Common Language Bible သို့ဖြစ်၍ကိုယ်တော်နှင့်ပတ်သက်၍လူပရိသတ် စိတ်သဘောကွဲလွဲလျက်နေကြ၏။- Garrad Bible ကိုယ်တော့်အကြောင်းကြောင့် လူပရိသတ်ကွဲပြားကြသည့်အတိုင်း၊ Judson Bible ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကိုဖမ်းဆီးခြင်းငှာ အလိုရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် လူထုပရိသတ်ထဲတွင် ကိုယ်တော်ကြောင့် ကွဲပြားခြင်းရှိကြ၏။ မြန်မာ ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကိုဖမ်းဆီးခြင်းငှာ အလိုရှိကြ၏။- |
သားသည် ဖခင်ကိုလည်းကောင်း၊ သမီးသည် မိခင်ကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း၊ အချင်းချင်း ဆန့်ကျင်စေရန် ငါလာ၏။
ဤလောကသို့ ငြိမ်းချမ်းခြင်းကို ယူဆောင်လာရန် ငါလာသည်ဟု သင်တို့ထင်ကြသလော။ မဟုတ်ပါ။ သင်တို့အား ငါပြောမည်။ ငါသည် ကွဲပြားစေရန်လာ၏။
ထိုစကားတော်တို့ကြောင့် ယေရှုအကြောင်းနှင့်ပတ်သက်၍ ဂျူးလူမျိုးတို့အထဲတွင် သဘောထားကွဲလွဲကြပြန်၏။
လူထု အထဲတွင်လည်း ကိုယ်တော်အကြောင်းကို အမျိုးမျိုးတီးတိုးပြောဆိုလျက်ရှိကြ၏။ တချို့က “သူသည် သူတော်ကောင်းတစ်ဦးဖြစ်သည်” ဟု ဆိုကြ၏။ တချို့ကမူ “သူတော်ကောင်း မဟုတ်။ သူသည် လူထုကို လှည့်ဖြားသူဖြစ်သည်” ဟု ဆိုကြ၏။
ထို့ကြောင့် ဖာရိရှဲတချို့က “သူသည် ဥပုသ်နေ့တွင် အလုပ်လုပ်သောကြောင့် ဘုရားသခင်ထံတော်မှ လာသောသူ မဖြစ်နိုင်” ဟု ဆိုကြ၏။ သို့သော် တချို့က “သာမန်လူ အပြစ်သားတစ်ဦးသည် ထိုကဲ့သို့သော နိမိတ်လက္ခဏာကို မည်သို့ ပြုနိုင်မည်နည်း” ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့အချင်းချင်း သဘောထားကွဲလွဲကြ၏။
သို့သော် မြို့သူမြို့သားတို့သည် အုပ်စုကွဲကာ တချို့မှာ ဂျူးတို့ဘက်ပါ၍ တချို့မှာ တမန်တော်တို့ဘက်ပါကြ၏။