လေးလံသောဝန်ကိုထမ်း၍ ပင်ပန်းနေသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အား ငြိမ်းအေးချမ်းသာမှုကို ပေးမည်။
ရှင်ယောဟန် 6:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် မည်သည့်အခါမျှ အစာငတ်မည်မဟုတ်။ ငါ့ကို ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။ Common Language Bible သခင်ယေရှုက ``ငါသည်အသက်၏အစာအာဟာ ရဖြစ်၏။ ငါ့ထံသို့လာသောသူသည်အဘယ်အခါ ၌မျှဆာငတ်လိမ့်မည်မဟုတ်။ ငါ့ကိုယုံကြည်သော သူသည်လည်း အဘယ်အခါမျှရေငတ်လိမ့်မည် မဟုတ်။- Garrad Bible ယေရှုက ငါသည်အသက်စာဖြစ်၏။ ငါ့ထံလာရောက်သူသည် ဆာမွတ်ခြင်း၊ ငါ့ကိုယုံကြည်သူလည်း ရေငတ်ခြင်းမရှိရ။ Judson Bible ယေရှုကလည်း၊ ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တစ်ဖန် ရေငတ်မခံရ။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာလောင်မည်မဟုတ်။ ငါ့ကိုယုံကြည်သောသူသည်လည်း မည်သည့်အခါမျှရေငတ်တော့မည်မဟုတ်။ မြန်မာ ယေရှုကလည်း၊ ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တစ်ဖန် ရေငတ်မခံရ။- |
လေးလံသောဝန်ကိုထမ်း၍ ပင်ပန်းနေသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အား ငြိမ်းအေးချမ်းသာမှုကို ပေးမည်။
ယခု ဝလင်စွာစားရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဆာလောင်ငတ်မွတ်ရမည့်အချိန်ကာလ ရောက်လာမည်ဖြစ်သောကြောင့်ပင်။ ယခုရယ်မောသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝမ်းနည်းငိုကြွေးရမည်ဖြစ်သောကြောင့်ပင်။
အမျိုးသမီးက “သခင်… ထိုရေကို ကျွန်မအား ပေးတော်မူပါ။ သို့ဖြစ်လျှင် ကျွန်မသည်လည်း နောက်ထပ် ရေငတ်တော့မည်မဟုတ်ပါ။ ဤနေရာသို့ လာ၍ ရေခပ်ရန်လည်း လိုတော့မည်မဟုတ်ပါ” ဟု လျှောက်၏။
ငါ့ကို ခမည်းတော်ပေးအပ်တော်မူသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် ငြင်းပယ်မည်မဟုတ်ပါ။
ထိုသို့ ယေရှုက “ငါသည် ကောင်းကင်မှ ဆင်းသက်လာသောမုန့် ဖြစ်၏” ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က
ဆက်လက်၍ ယေရှုက “ထို့ကြောင့် ခမည်းတော် အခွင့်ပေးတော်မမူလျှင် မည်သူမျှ ငါ့ထံသို့ မလာနိုင်ကြဟု သင်တို့ကို ငါပြောခဲ့ပြီ” ဟု မိန့်တော်မူ၏။
ဝိညာဉ်တော်နှင့် သတို့သမီးတို့က “ကြွပါ” ဟု ဖိတ်ခေါ်ကြ၏။ ကြားသောသူတိုင်းကလည်း “ကြွပါ” ဟု ဖိတ်ခေါ်ပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ ယူပါစေ။
သူတို့သည် နောက်တစ်ဖန် ဆာလောင်တော့မည်မဟုတ်။ ရေငတ်တော့မည်မဟုတ်။ နေရောင်ခြည်နှင့် ပြင်းထန်သောအပူဒဏ်ကြောင့်လည်း ထိခိုက်မှုရှိတော့မည်မဟုတ်။