ရှင်ယောဟန် 4:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း15 အမျိုးသမီးက “သခင်… ထိုရေကို ကျွန်မအား ပေးတော်မူပါ။ သို့ဖြစ်လျှင် ကျွန်မသည်လည်း နောက်ထပ် ရေငတ်တော့မည်မဟုတ်ပါ။ ဤနေရာသို့ လာ၍ ရေခပ်ရန်လည်း လိုတော့မည်မဟုတ်ပါ” ဟု လျှောက်၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ထိုအမျိုးသမီးက ``အရှင်၊ ကျွန်မသည်နောက် တစ်ဖန်ရေမငတ်စေရန်လည်းကောင်း၊ ဤအရပ် သို့လာ၍ရေမခပ်ရစေရန်လည်းကောင်း ထိုရေ ကိုကျွန်မအားပေးတော်မူပါ'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible15 ထိုမိန်းမက အရှင်၊ ကျွန်မသည်ရေမငတ်စေရန်လည်းကောင်း၊ ဤတွင်းသို့ရေခပ်မလာရစေရန်လည်းကောင်း၊ ထိုရေကို သနားတော်မူပါဟု လျှောက်သော်၊ အခန်းကိုကြည့်ပါ။Judson Bible15 မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်လည်းကောင်း၊ သည်ကိုလာ၍ ရေခပ်ခြင်းနှင့်လည်းကောင်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ထိုအမျိုးသမီးက “အရှင်၊ ကျွန်မသည် ရေမငတ်စေရန်နှင့် ဤနေရာသို့လာ၍ ရေမခပ်ရလေအောင် ထိုရေကို ကျွန်မအားပေးတော်မူပါ”ဟု လျှောက်လျှင် အခန်းကိုကြည့်ပါ။မြန်မာ15 မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်လည်းကောင်း၊ သည်ကိုလာ၍ ရေခပ်ခြင်းနှင့်လည်းကောင်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။