ထိုအခါ လူတစ်ဦးသည် ယေရှုထံသို့ လာ၍ “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သည့်ကောင်းမှုကို ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
ရှင်ယောဟန် 6:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့က “ဘုရားသခင်အလိုရှိတော်မူသော အမှုတော်ကို ဆောင်ရွက်နိုင်ရန် မည်သို့ ပြုလုပ်ရမည်နည်း” ဟု မေးလျှောက်ကြ၏။ Common Language Bible လူတို့က ``အကျွန်ုပ်တို့သည်ဘုရားသခင် အလိုတော်ရှိသည့်အရာကိုဆောင်ရွက်နိုင် ရန် အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး လျှောက်ကြ၏။ Garrad Bible ထိုသူတို့ကလည်း အကျွန်ုပ်တို့သည်ဘုရားသခင့်အမှုတော်များကို ဆောင်ရွက်ရစေခြင်းငှါ မည်သို့ပြုလုပ်ရပါအံ့နည်းဟု မေးလျှောက်ကြသော်၊ Judson Bible ထိုသူတို့ကလည်း ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှာ အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း “ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်ကြ၏။ မြန်မာ ထိုသူတို့ကလည်း ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှာ အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်ကြ၏။- |
ထိုအခါ လူတစ်ဦးသည် ယေရှုထံသို့ လာ၍ “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သည့်ကောင်းမှုကို ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
တစ်နေ့၌ ကျမ်းတတ်ပညာရှင်တစ်ဦးသည် ကိုယ်တော်ကို စမ်းသပ်ရန် “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
ယေရှုက “သင်တို့ထံမှ ဘုရားသခင်အလိုရှိတော်မူသော အမှုတော်မှာ မိမိစေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင် ဖြစ်သည်” ဟု ဖြေတော်မူ၏။
သူတို့ကို အပြင်သို့ထုတ်ပြီးနောက် ထောင်မှူးက “ဆရာတို့… ကယ်တင်ခြင်းခံရရန် ကျွန်ုပ်မည်သို့ပြုလုပ်ရမည်နည်း” ဟု မေး၏။
သူတို့သည် ထိုဟောပြောချက်ကို ကြားသောအခါ စိတ်နှလုံးကြေကွဲ၍ ပေတရုနှင့် အခြားတမန်တော်များအား “ညီအစ်ကိုတို့… ကျွန်ုပ်တို့မည်သို့ပြုရမည်နည်း” ဟု မေးမြန်းကြ၏။
သို့သော်လည်း ထ၍ မြို့ထဲသို့ဝင်လော့။ သင်မည်သို့ဆောင်ရွက်ရမည်ကို ပြောပြလိမ့်မည်” ဟု တုံ့ပြန်တော်မူ၏။