Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 19:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ထိုအခါ လူတစ်ဦး​သည် ယေရှု​ထံသို့ လာ​၍ “ဆရာတော်… ထာဝရ​အသက်​ကို ရရှိ​ရန် အကျွန်ုပ်​သည် မည်သည့်​ကောင်းမှု​ကို ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 လူ​တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ တော်၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ကျွန်ုပ် သည်​အ​ဘယ်​ကောင်း​မြတ်​သည့်​အ​မှု​ကို​ပြု​ရ ပါ​မည်​နည်း'' ဟု​မေး​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ထို အ ခါ လူ တစ် ယောက် သည် ချဉ်း လာ၍ ဆ ရာ ထာ ဝ ရ အ သက် ရ ခြင်း ငှာ မည် သည့် ကောင်း မှု ကို ပြု ရ ပါ မည် နည်း ဟု မေး သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​နောက်​လူ​တစ်​ယောက်​သည် ချဉ်း​ကပ်၍၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​ကောင်း​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို့နောက် လူ​တစ်​ဦး​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ဆရာ၊ ထာဝရ​အသက်​ကို​ရရှိ​ရန် အကျွန်ုပ်​သည် မည်သည့်​ကောင်းမြတ်​သော​အမှု​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

16 ထို​နောက်​လူ​တစ်​ယောက်​သည် ချဉ်း​ကပ်၍၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​ကောင်း​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 19:16
32 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ကလေးငယ်များ​၏ ခေါင်း​ပေါ်တွင် လက်တော်​တင်​၍ ကောင်းချီးပေး​ပြီးလျှင် ထို​နေရာ​မှ ထွက်ကြွတော်မူ၏။


ယေရှု​သည် သူတို့​အား စူးစိုက်​ကြည့်တော်မူ​၍ “ဤ​အမှု​ကို လူ​မတတ်နိုင်ပါ။ သို့သော် ဘုရားသခင်​သည် အရာ​အားလုံး​ကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။


ငါ့​အတွက်​ကြောင့် မိမိ​အိမ်များ၊ မြေများ၊ ညီအစ်ကို​မောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာ​ကို စွန့်လွှတ်သောသူတို့​သည် ဤ​ဘဝ​၌ အဆ​တစ်ရာ အကျိုး​ခံစားရသည်​သာမက ထာဝရ​အသက်​ကိုလည်း ရရှိ​လိမ့်မည်။


ထို့ကြောင့် ထို​သူများ​သည် ထာဝရ​အပြစ်ဒဏ်ခံရသော​နေရာ​သို့ သွားကြ​လိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သော​သူတို့​မှာမူ ထာဝရ​အသက်ရှင်ရာ နေရာ​သို့ သွားကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သူတို့​အား ထာဝရ​အသက်​ကို ငါ​ပေး​သဖြင့် သူတို့​သည် သေခြင်း​နှင့်​ကင်းလွတ်ကြ​လိမ့်မည်။ မည်သူ​မျှ သူတို့​ကို ငါ့​လက်​မှ လုယူသွားနိုင်မည်​မဟုတ်။


ဤ​လောက​၌ မိမိ​အသက်​ကို ချစ်သောသူ​သည် အသက်​ဆုံးရှုံးရ​လိမ့်မည်။ ဤ​လောက​၌ မိမိ​အသက်​ကို မုန်းသောသူ​သည် ထို​အသက်​ကို ထာဝရ​ပိုင်ဆိုင်ရ​လိမ့်မည်။


ဤသို့​ပြုရခြင်း​သည် လူသား​ကို ယုံကြည်သောသူ​တိုင်း ထာဝရ​အသက်​ရရှိ​စေရန်​ဖြစ်၏။


ငါ​ပေးသော​ရေ​ကို သောက်သောသူ​မှာ မည်သည့်​အခါမျှ ရေငတ်တော့မည်​မဟုတ်။ ထို​ရေ​သည် သူ့​အတွင်း​၌ အစဉ်​စီးထွက်သော စမ်းရေ​ဖြစ်​၍ သူ့​ကို ထာဝရ​အသက်ရှင်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သင်တို့​သည် ကျမ်းစာ​က ထာဝရ​အသက်​ပေးသည်​ဟု ထင်မှတ်​၍ ကျမ်းစာ​ကို လေ့လာတတ်ကြ၏။ ထို​ကျမ်းစာ​ကပင် ငါ့​အကြောင်း သက်သေခံ၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ့​ကို ယုံကြည်သောသူ​သည် ထာဝရ​အသက်​ကို​ရ၏။


ရှိမုန်​ပေတရု​က “သခင်… အကျွန်ုပ်တို့​သည် မည်သူ့​ထံသို့ သွားရပါမည်နည်း။ ထာဝရ​အသက်​ကို ပေးသော​စကား​သည် သခင့်​ထံ၌​သာ​ရှိ၏။


သူတို့​ကို အပြင်​သို့​ထုတ်​ပြီးနောက် ထောင်မှူး​က “ဆရာတို့… ကယ်တင်ခြင်း​ခံရ​ရန် ကျွန်ုပ်​မည်သို့​ပြုလုပ်ရမည်နည်း” ဟု မေး၏။


ကောင်းမှု​ကို အစဉ်တစိုက်​ပြု​၍ ဘုန်းအသရေ၊ ဂုဏ်အသရေ​နှင့် မပျက်စီး​မယိုယွင်းသော​ဘဝ​ကို ရှာသော​သူတို့​အား ထာဝရ​အသက်​ကို ပေးတော်မူ​လိမ့်မည်။


ဤသို့ဖြင့် အပြစ်တရား​သည် သေခြင်းတရား​အားဖြင့် အုပ်စိုးခဲ့​သကဲ့သို့ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​အသက်​ကို ရရှိ​စေရန် ဘုရားသခင်​၏ ကျေးဇူးတော်​သည်လည်း ဖြောင့်မတ်ခြင်းတရား​အားဖြင့် အုပ်စိုးတော်မူ၏။


သို့သော်လည်း ယေရှု​ခရစ်တော်​သည် အဆိုးဆုံး​ဖြစ်သူ ကျွန်ုပ်​အပေါ် သူ​၏ အဆုံးမဲ့​သည်းခံခြင်း​ကို ဖော်ပြ​ရန် ရည်ရွယ်​သောကြောင့် ကျွန်ုပ်​အပေါ် ကရုဏာ​ထားတော်မူ၏။ ဤသို့ ပြုတော်မူခြင်း​သည် ကိုယ်တော်​ကို ယုံကြည်​၍ ထာဝရ​အသက်​ကို ရရှိကြမည့်သူများ​အတွက် ကျွန်ုပ်​ကို စံနမူနာ​အဖြစ် ထားရန်​ဖြစ်၏။


ယုံကြည်ခြင်း​ဆိုင်ရာ တိုက်ပွဲကောင်း​ကို တိုက်​၍ ထာဝရ​အသက်​ကို အရ​ယူလော့။ ထာဝရ​အသက် ရ​ရန် ဘုရားသခင်​သည် သင့်​ကို ခေါ်တော်မူပြီး သင်​သည်လည်း ခရစ်တော်​ကို ယုံကြည်ကြောင်း သက်သေ​များစွာ​ရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။


ဤ​နည်း​ဖြင့် သူတို့​သည် အနာဂတ်​အတွက် ခိုင်မာသော​အခြေခံ​အုတ်မြစ်​အဖြစ် မိမိတို့​၏ ဘဏ္ဍာ​ကို စုဆောင်း​၍ စစ်မှန်သော​အသက်​ကို ရရှိကြ​လိမ့်မည်။


ထာဝရ​အသက်​ရ​ရန်လည်း သူတို့​မျှော်လင့်​နိုင်ကြမည်။ လိမ်လည်ခြင်း​နှင့် ကင်းစင်တော်မူသည့် ဘုရားသခင်​သည် ဤ​ထာဝရ​အသက်​ကို ပေး​ရန် ရှေးယခင်​မတိုင်မီ​ကပင် ကတိပြုတော်မူခဲ့၏။


ဤသည်​မှာ ကျွန်ုပ်တို့​သည် ကျေးဇူးတော်​ကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​သဖြင့် ကျွန်ုပ်တို့ မျှော်လင့်သည့် ထာဝရ​အသက်​ကို အမွေခံ​နိုင်ရန်​ဖြစ်၏။


ထို​အသက်တော်​သည် ထင်ရှားခဲ့ပြီ။ ကျွန်ုပ်တို့​သည်လည်း မြင်ကြပြီး ထို​အကြောင်း​ကို သင်တို့​အား သက်သေခံကြ၏။ ခမည်းတော်​နှင့်အတူ​ရှိ​၍ ကျွန်ုပ်တို့​အား ဖော်ပြခြင်း​ခံရသည့် ထို​ထာဝရ​အသက်တော်​အကြောင်း​ကို သင်တို့​အား ကျွန်ုပ်တို့​ဟောပြောကြ၏။


ဤသည်​မှာ ကျွန်ုပ်တို့​အား ခရစ်တော်​ကတိပြုတော်မူသည့် ထာဝရ​အသက်​ဖြစ်၏။


ဘုရားသခင်​၏​သားတော်​သည် ကြွလာ​၍ စစ်မှန်သော​ဘုရားသခင်​ကို သိ​နိုင်သည့်​ဉာဏ်​ကို ကျွန်ုပ်တို့​အား ပေးတော်မူကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် စစ်မှန်သော​ဘုရားသခင်​နှင့်​လည်းကောင်း၊ သားတော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း တပေါင်းတစည်းတည်း​ဖြစ်ကြ၏။ ထို​အရှင်​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်တော်မူ​ပြီး ထာဝရ​အသက်​လည်း ဖြစ်တော်မူ၏။


ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို ဆက်လက်​ခံစား​၍ ထာဝရ​အသက်​ကို ရရှိစေမည့် ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကရုဏာတော်​ကို စောင့်မျှော်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ