ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 6:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါအမှန်ဆိုရလျှင် သင်တို့သည် ငါပြုသော နိမိတ်လက္ခဏာများကို နားလည်သောကြောင့် ငါ့ကို ရှာကြသည်မဟုတ်။ မုန့်ကို ဝလင်စွာ စားရသောကြောင့်သာ ရှာကြ၏။ Common Language Bible သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား သင်တို့ငါ့ကိုရှာကြခြင်းမှာငါပြ သည့်နိမိတ်လက္ခဏာများ၏ အနက်အဋ္ဌိပ္ပါယ်ကို နားလည်ကြရ၍မဟုတ်။ အစားအစာကိုဝ အောင်စားကြရ၍ဖြစ်၏။- Garrad Bible ယေရှုက ငါဧကန်အမှန်ဆိုသည်ကား၊ သင်တို့သည်နိမိတ်လက္ခဏာများကိုမြင်သောကြောင့်မဟုတ်၊ အစာစား၍ဝသောကြောင့်သာ ငါ့ကိုရှာကြ၏။ Judson Bible ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့ငါ့ကိုရှာကြသည်မှာ နိမိတ်လက္ခဏာများကိုမြင်ရသောကြောင့်မဟုတ်။ မုန့်ကိုစား၍ဝသောကြောင့်သာဖြစ်၏။ မြန်မာ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။- |
ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။
ဤသို့ ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို မြင်သောလူတို့က “ဤသူသည် အမှန်ပင် ကျွန်ုပ်တို့စောင့်မျှော်နေသော ပရောဖက် ဖြစ်သည်” ဟု ဆိုကြ၏။
ယေရှုသည် ထိုသူတို့ လာ၍ မိမိကို ရှင်ဘုရင်အဖြစ် အတင်းအကျပ်တင်မြှောက်ကြမည်ကို သိမြင်တော်မူသဖြင့် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွတော်မူ၏။
လူအုပ်ကြီးသည် ဖျားနာသောသူများအပေါ် ယေရှုပြုတော်မူသော နိမိတ်လက္ခဏာများကို တွေ့မြင်ခဲ့ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။
လူထုသည်လည်း ထိုနေရာတွင် ယေရှုနှင့် တပည့်တော်တို့ မရှိကြောင်း သိသောအခါ ရောက်လာသောလှေများပေါ်သို့ တက်၍ ယေရှုကို ရှာရန် ကပေရနောင်မြို့သို့ သွားကြ၏။
ထိုအခါ သူတို့က “ဆရာတော်ကို ယုံကြည်စေလိုပါက အကျွန်ုပ်တို့အား နိမိတ်လက္ခဏာကို ပြတော်မူပါ။ မည်သည့် အမှုကို ပြုတော်မူမည်နည်း။
ထို့ကြောင့် ယေရှုက “ငါအမှန်ဆိုရလျှင် သင်တို့သည် လူသား၏ အသားကို မစား၊ အသွေးကို မသောက်ဘဲ နေလျှင် ထာဝရအသက်ကိုမရနိုင်။
သို့သော်လည်း သင်တို့ထဲမှ တချို့သည် ငါ့ကို မယုံကြည်ကြ” ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူရခြင်းမှာ ယေရှုသည် မည်သူတို့ မယုံကြည်ဘဲနေသည်ကိုလည်းကောင်း၊ မည်သူ မိမိကို သစ္စာဖောက်မည်ကိုလည်းကောင်း အစဦးကပင် သိတော်မူသောကြောင့်ဖြစ်၏။
ထိုသူတို့သည် ကျွန်ုပ်တို့သခင်ခရစ်တော်၏ အမှုကို မဆောင်ရွက်ဘဲ ကိုယ်ကျိုးကိုသာ ဆောင်ရွက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့သည် ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတို့၏ စိတ်ကို လှည့်ဖြားတတ်ကြ၏။
ထိုသူတို့၏ နိဂုံးသည် ပျက်စီးခြင်း ဖြစ်၏။ သူတို့၏ ဘုရားသည် သူတို့၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့ပြုသော ရှက်ဖွယ်အရာကို ဂုဏ်ယူဝင့်ကြွားကြ၏။ သူတို့သည် လောကီရေးရာကိုသာ စွဲလမ်းကြ၏။
ထို့ပြင် အသိစိတ်ဖောက်ပြန်ပြီး အမှန်တရားကို ကျောခိုင်းသောသူတို့အကြား အဆုံးမသတ်နိုင်သောအငြင်းပွားမှုများ ဖြစ်လာ၏။ ထိုသူတို့သည် ဘုရားတရားကိုင်းရှိုင်းလျှင် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်ကြ၏။