Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 6:26 - မြန်မာ

26 ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​ကြောင့် ငါ့​ကို​ရှာ​သည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား သင်​တို့​ငါ့​ကို​ရှာ​ကြ​ခြင်း​မှာ​ငါ​ပြ သည့်​နိ​မိတ်​လက္ခ​ဏာ​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို နား​လည်​ကြ​ရ​၍​မ​ဟုတ်။ အ​စား​အ​စာ​ကို​ဝ အောင်​စား​ကြ​ရ​၍​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ယေရှုက ငါဧကန်အမှန်ဆိုသည်ကား၊ သင်တို့သည်နိမိတ်လက္ခဏာများကိုမြင်သောကြောင့်မဟုတ်၊ အစာစား၍ဝသောကြောင့်သာ ငါ့ကိုရှာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​ကြောင့် ငါ့​ကို​ရှာ​သည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​ငါ့​ကို​ရှာ​ကြ​သည်​မှာ နိမိတ်​လက္ခဏာ​များ​ကို​မြင်​ရ​သောကြောင့်​မ​ဟုတ်။ မုန့်​ကို​စား​၍​ဝ​သောကြောင့်​သာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ယေရှု​က “ငါ​အမှန်​ဆိုရ​လျှင် သင်တို့​သည် ငါ​ပြုသော နိမိတ်​လက္ခဏာများ​ကို နားလည်​သောကြောင့် ငါ့​ကို ရှာကြသည်​မဟုတ်။ မုန့်​ကို ဝလင်​စွာ စားရ​သောကြောင့်​သာ ရှာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 6:26
20 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။-


ထို​သို့​ယေ​ရှု​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ထို​လူ​များ​တို့​သည်​မြင်​လျှင်၊ ဤ​သူ​ကား ဤ​လော​က​သို့ ကြွ​လာ​ရ​သော ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။-


ထို​သူ​တို့​သည် ကိုယ်​တော်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ​လာ၍ အ​နိုင်​အ​ထက်​ပြု​ကြ​မည်​အ​ကြောင်း​ကို ယေ​ရှု​သည်​သိ​တော်​မူ​လျှင်၊ တောင်​ပေါ်​သို့ တစ်​ယောက်​တည်း​ကြွ​တော်​မူ​ပြန်၏။


အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၌ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မြင်​ကြ​သ​ဖြင့် နောက်​တော်​သို့ လိုက်​ကြ၏။-


ထို​အ​ရပ်၌ ယေ​ရှု​မှ​စ​သော တ​ပည့်​တော်​တို့​မ​ရှိ​သည်​ကို သိ​ကြ​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ လှေ​စီး၍ ယေ​ရှု​ကို​ရှာ​ခြင်း​ငှာ က​ပေ​ရ​နောင်​မြို့​သို့ သွား​ကြ၏။


ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်၍ ကိုယ်​တော်​ကို​ယုံ​ကြည်​မည်​အ​ကြောင်း အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​သ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​တော်​မူ​သ​နည်း။-


သို့​သော်​လည်း​သင်​တို့​သည် ငါ့​ကို​မြင်​လျက်​ပင် မ​ယုံ​ကြည်​ကြ​ဟု ငါ​ဆို​ခဲ့​ပြီ။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။-


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ လူ​သား၏​အ​သား​ကို​မ​စား၊ အ​သွေး​ကို​မ​သောက်​လျှင် သင်​တို့၌ အ​သက်​မ​ရှိ။-


သို့​သော်​လည်း သင်​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ