ထိုနေ့တွင်ပင် တပည့်တော်နှစ်ဦးသည် ဂျေရုဆလင်မြို့နှင့် ခုနစ်မိုင်ခန့်ဝေးသည့် ဧမောက်ဟု ခေါ်သောရွာသို့ သွားကြ၏။
ရှင်ယောဟန် 6:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သုံးလေးမိုင်ခန့် လှော်ခတ်ပြီးသောအခါ ယေရှုသည် ရေပေါ်တွင် လမ်းလျှောက်လျက် လှေရှိရာသို့ ကြွလာသည်ကို သူတို့ မြင်၍ ကြောက်လန့်ကြကုန်၏။ Common Language Bible တပည့်တော်တို့သည်သုံးလေးမိုင်ခန့်လှော်ခတ် ပြီးသောအခါ သခင်ယေရှုရေပေါ်မှာစက်တော် ဖြန့်၍ မိမိတို့အနီးသို့ကြွလာသည်ကိုမြင် ကြ၏။ ထိုအခါသူတို့သည်ကြောက်လန့်ကြ၏။- Garrad Bible တစ်တိုင်ခွဲနှစ်တိုင်ခန့်တက်ခတ်၍ ရောက်ကြသော် ယေရှုသည်အိုင်ရေပေါ်တွင်စက်တော်ဖြန့်လျက် လှေအနီးကြွလာသည်ကိုမြင်၍ ကြောက်ရွံ့ကြသဖြင့်၊ Judson Bible ခရီးတစ်တိုင်ခွဲနှစ်တိုင်လောက် တက်ခတ်၍ ရောက်သောအခါ၊ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေအနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောက်လန့်ခြင်းရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သုံးလေးမိုင်ခန့်လှော်ခတ်ပြီးသောအခါ ပင်လယ်ပေါ်တွင် ယေရှုလမ်းလျှောက်လျက် လှေအနီးသို့ချဉ်းကပ်လာသည်ကို တပည့်တော်တို့မြင်၍ ကြောက်ရွံ့ကြ၏။ မြန်မာ ခရီးတစ်တိုင်ခွဲနှစ်တိုင်လောက် တက်ခတ်၍ ရောက်သောအခါ၊ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေအနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောက်လန့်ခြင်းရှိကြ၏။- |
ထိုနေ့တွင်ပင် တပည့်တော်နှစ်ဦးသည် ဂျေရုဆလင်မြို့နှင့် ခုနစ်မိုင်ခန့်ဝေးသည့် ဧမောက်ဟု ခေါ်သောရွာသို့ သွားကြ၏။
ထိုသူငယ်လာစဉ် နတ်ဆိုးသည် သူ့အား မြေပေါ်သို့ လှဲ၍ တက်စေ၏။ သို့သော်လည်း ယေရှုက ထိုနတ်ဆိုးအား ဆုံးမ၍ ထိုသူငယ်ကို ကျန်းမာစေတော်မူပြီးလျှင် ဖခင်ထံသို့ ပြန်အပ်ပေးတော်မူ၏။
ထိုစပျစ်သီးများကို မြို့ပြင်တွင်ရှိသော စပျစ်သီးနယ်သည့်ကျင်း၌ နယ်၏။ ထိုစပျစ်သီးနယ်ရာကျင်းမှ စီးထွက်လာသော ထိုသွေးချောင်းသည် အနက်ငါးပေခန့် ရှိပြီး အလျားတစ်ရာရှစ်ဆယ့်လေးမိုင်ခန့်ရှိ၏။
မြို့သည် စတုရန်းပုံသဏ္ဌာန်ရှိ၍ အလျားနှင့်အနံသည် တူညီ၏။ ထိုကောင်းကင်တမန်သည် မြို့ကို ရွှေကျူရိုးဖြင့် တိုင်းထွာရာ အလျား၊ အနံနှင့် အမြင့်တို့မှာ မိုင်တစ်ထောင့်လေးရာခန့် အသီးသီးကျယ်ဝန်းသည်ကို တွေ့ရ၏။