ရှင်ယောဟန် 5:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာကို မအံ့သြကြနှင့်။ သေလွန်သောသူရှိသမျှသည် ဘုရားသခင်၏သားတော်အသံကို ကြား၍ သင်္ချိုင်းဂူများမှ ထမြောက်မည့်အချိန် ရောက်လာလိမ့်မည်။ Common Language Bible ဤအခြင်းအရာကိုသင်တို့မအံ့သြကြနှင့်။ သင်္ချိုင်းမှသူသေတို့သည်သားတော်၏အသံ တော်ကိုကြား၍ထွက်လာကြမည့်အချိန်ကျ ရောက်လိမ့်မည်။- Garrad Bible ဆိုခဲ့ရာကိုအံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းဂူများ၌ရှိနေသူခပ်သိမ်းပင် သားတော်၏မိန့်ခွန်းသံကို ကြားသဖြင့် ကောင်းမွန်စွာပြုကျင့်ခဲ့သူတို့မှာ၊ Judson Bible ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊- မြန်မာ့စံမီသမ္မာကျမ်း ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများ၌ရှိသောသူအပေါင်းတို့သည် သားတော်၏အသံကိုကြား၍ မြန်မာ ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊- |
ယေရှုက “အမျိုးသမီး… ငါ့စကားကို ယုံလော့။ ဤတောင်တွင်လည်းမဟုတ်၊ ဂျေရုဆလင်မြို့တွင်လည်း မဟုတ်ဘဲ ခမည်းတော်ကို သင်တို့ကိုးကွယ်ရမည့်အချိန် ရောက်လာလိမ့်မည်။
သို့သော်လည်း စစ်မှန်သောကိုးကွယ်သူတို့သည် ခမည်းတော်ကို စိတ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း ကိုးကွယ်မည့်အချိန် ရောက်လာလိမ့်မည်။ စင်စစ် ယခုပင် ရောက်လျက်ရှိ၏။ ခမည်းတော်သည် မိမိအား ထိုကဲ့သို့ကိုးကွယ်သူများကို အလိုရှိတော်မူ၏။
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသောကြောင့် မိမိပြုတော်မူသမျှကို သားတော်အား ပြတော်မူ၏။ ဤလူကို ကျန်းမာစေခြင်းအမှုကဲ့သို့သော အမှုများထက် ပို၍ ကြီးမြတ်သော အမှုများကို ခမည်းတော်သည် သားတော်အား ပြတော်မူလိမ့်မည်။ ထိုအခါ သင်တို့သည် အမှန်ပင်အံ့အားသင့်ကြလိမ့်မည်။
သင်တို့အား ငါအမှန်ဆို၏။ သေသောသူတို့သည် ဘုရားသခင်၏ သားတော်အသံကို ကြားသည့်အချိန် ကျရောက်လာလိမ့်မည်။ စင်စစ် ထိုအချိန်သည် ယခုပင် ရောက်လျက်ရှိ၏။ သားတော်၏ အသံကို ကြားသောသူတို့သည် အသက်ရှင်လိမ့်မည်။
ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ အပေါင်းတို့သည် သေရာမှပြန်ရှင်လိမ့်မည်ဟု သူတို့စောင့်မျှော်လျက်နေသကဲ့သို့ အကျွန်ုပ်သည်လည်း ဘုရားသခင်ကို အမှီပြု၍ စောင့်မျှော်လျက်နေပါ၏။
ပေတရုသည် ထိုအရာကို မြင်သောအခါ သူတို့အား “အို အစ္စရေးလူမျိုးတို့… သင်တို့သည် အဘယ်ကြောင့် ဤအဖြစ်အပျက်ကို အံ့သြကြသနည်း။ ငါတို့သည် ကိုယ့်တန်ခိုး၊ ကိုယ့်အကျင့်သီလဖြင့် ဤသူအားလမ်းလျှောက်စေနိုင်သည့်အလား အဘယ်ကြောင့် ငါတို့အား ငေးမောကြည့်ကြသနည်း။
လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရသကဲ့သို့ လူအပေါင်းတို့သည် ခရစ်တော်ကြောင့် အသက်ပြန်ရှင်ခြင်းအခွင့်ကို ရကြလိမ့်မည်။
ကိုယ်တော်သည် အရာအားလုံးကို မိမိအာဏာစက်အောက်၌ ထားနိုင်စွမ်းရှိသောတန်ခိုးအားဖြင့် ကျွန်ုပ်တို့၏ လူ့ကိုယ်ခန္ဓာကို မိမိ၏ ဘုန်းအသရေနှင့် ပြည့်ဝသော ကိုယ်ခန္ဓာနှင့် တူစေရန် ပြောင်းလဲတော်မူလိမ့်မည်။
သေလွန်သောသူ အကြီးအငယ်တို့သည် ရာဇပလ္လင်တော်ရှေ့၌ ရပ်နေကြသည်ကို ကျွန်ုပ်မြင်ရ၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်ဖြစ်သော အခြားစာစောင်တစ်စောင်ကိုလည်း ဖွင့်ထား၏။ သေလွန်သောသူတို့သည် စာစောင်ထဲတွင် မှတ်တမ်းတင်ထားသည့်အတိုင်း မိမိတို့အကျင့်နှင့်အညီ တရားစီရင်ခံရ၏။