သင်တို့သည်လည်း ငါအမှုတော်လုပ်ငန်း စတင်စဉ်ကပင် ငါနှင့်အတူ ရှိနေခဲ့သောကြောင့် ငါ့အကြောင်းကို သက်သေခံကြရမည်။
ရှင်ယောဟန် 21:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုတပည့်တော်မှာ ဤအဖြစ်အပျက်များကို သက်သေခံ၍ မှတ်တမ်းတင်ရေးသားသူပင် ဖြစ်၏။ သူ၏ရေးသားချက်များမှန်ကန်ကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ Common Language Bible ဤအကြောင်းအရာတို့ကိုဖော်ပြသက်သေ ခံမှတ်တမ်းတင်သူကားထိုတပည့်တော်ပင် ဖြစ်၏။ သူ၏ဖော်ပြချက်များမှန်ကန်ကြောင်း ကိုလည်းငါတို့သိကြ၏။ Garrad Bible ထိုတပည့်တော်မှာ ဤအကြောင်းအရာများကိုသက်သေခံလျက် ရေးသားသူဖြစ်သည့်အလျောက် သူ့သက်သေမှန်ကန်ကြောင်း ငါတို့သိကြ၏။ Judson Bible ထိုတပည့်တော်ကား၊ ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဤအကြောင်းအရာများကို သက်သေခံ၍ ရေးထားသောသူမှာ ထိုတပည့်တော်ပင်ဖြစ်၏။ သူ၏သက်သေခံချက်မှန်ကန်ကြောင်းကိုလည်း ငါတို့သိကြ၏။ မြန်မာ ထိုတပည့်တော်ကား၊ ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူဖြစ်၏။ |
သင်တို့သည်လည်း ငါအမှုတော်လုပ်ငန်း စတင်စဉ်ကပင် ငါနှင့်အတူ ရှိနေခဲ့သောကြောင့် ငါ့အကြောင်းကို သက်သေခံကြရမည်။
သင်တို့သည်လည်း ယုံကြည်စေရန် ဤအကြောင်းအရာကို မြင်သောသူသည် သက်သေခံ၏။ သူ၏ သက်သေခံချက်မှာ မှန်ကန်ပြီး သူသည်လည်း မိမိပြောသောစကား မှန်ကန်ကြောင်းကို သိ၏။
ယေရှုခရစ်တော်သည် ရေနှင့် သွေးအားဖြင့် ကြွလာတော်မူသောအရှင်ဖြစ်၏။ ရေအားဖြင့်သာ ကြွလာသည်မဟုတ်။ ရေနှင့် သွေးအားဖြင့် ကြွလာ၏။ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်တော်မူသောကြောင့် ထိုသို့ကြွလာကြောင်းကို သက်သေခံတော်မူ၏။
ဒေမေတရိ၏ ကောင်းကြောင်းကို လူတိုင်းသာမက သမ္မာတရားကိုယ်တိုင်က သက်သေခံ၏။ ကျွန်ုပ်တို့သည်လည်း သက်သေခံကြ၏။ ကျွန်ုပ်တို့၏ သက်သေခံချက် မှန်ကန်ကြောင်း သင်သိ၏။