၁ ယော 5:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ယေရှုခရစ်တော်သည် ရေနှင့် သွေးအားဖြင့် ကြွလာတော်မူသောအရှင်ဖြစ်၏။ ရေအားဖြင့်သာ ကြွလာသည်မဟုတ်။ ရေနှင့် သွေးအားဖြင့် ကြွလာ၏။ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်တော်မူသောကြောင့် ထိုသို့ကြွလာကြောင်းကို သက်သေခံတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ယေရှုခရစ်သည်ရေအားဖြင့်ဗတ္တိဇံကိုခံ တော်မူလျက်သွေးတော်ကိုသွန်း၍ အသေခံ တော်မူလျက်ကြွလာတော်မူသောအရှင်ပေ တည်း။ ကိုယ်တော်သည်ရေအားဖြင့်သာကြွလာ တော်မူသည်မဟုတ်။ ရေအားဖြင့်လည်းကောင်း၊ သွေးအားဖြင့်လည်းကောင်းကြွလာတော်မူပေ သည်။ ဝိညာဉ်တော်သည်သမ္မာတရားဖြစ်၍ကြွ လာတော်မူကြောင်းကိုသက်သေခံတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ရေ သွေး အ စုံ ဖြင့် ကြွ လာ သော အ ရှင် ကား ယေ ရှု ခ ရစ် တည်း။ ရေ နှင့် သာ မ ဟုတ်၊ ရေ နှင့် လည်း ကောင်း၊ သွေး နှင့် လည်း ကောင်း ကြွ လာ တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုသခင်ကား၊ ရေအားဖြင့်လည်းကောင်း၊ အသွေးအားဖြင့်လည်းကောင်း ကြွလာသောသူတည်းဟူသော ယေရှုခရစ်ပေတည်း။ ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်လည်းကောင်း၊ အသွေးအားဖြင့်လည်းကောင်း ကြွလာတော်မူ၏။ သက်သေခံဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ယေရှုခရစ်တော်သည် ရေနှင့်သွေးအားဖြင့် ကြွလာတော်မူသောအရှင်ဖြစ်၏။ ရေအားဖြင့်သာမဟုတ်ဘဲ ရေနှင့်သွေးအားဖြင့်ကြွလာတော်မူ၏။ ဝိညာဉ်တော်သည် သက်သေခံသောအရှင်ဖြစ်၏။ အကြောင်းမှာ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သမ္မာတရားကို ဖော်ပြသည့်ဝိညာဉ်တော် ကြွလာတော်မူသောအခါ သင်တို့အား သမ္မာတရားအလုံးစုံကို သွန်သင်ပြသတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်သည် မိမိအလိုအလျောက် ဟောပြောတော်မူမည်မဟုတ်။ မိမိကြားသိရသည့် အကြောင်းအရာတို့ကို သင်တို့အား ဟောပြောတော်မူလိမ့်မည်။ အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကိုလည်း ဖော်ပြတော်မူလိမ့်မည်။
ဘုရားသခင်သည် ယေရှုခရစ်တော်အား အပြစ်ဖြေရာယဇ်အဖြစ် သတ်မှတ်တော်မူ၏။ ယေရှုအသွေးသွန်း၍ အသေခံတော်မူခြင်းကို ယုံကြည်သောသူတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြ၏။ ဘုရားသခင်သည် ခရစ်တော်ကို ယဇ်အဖြစ် သတ်မှတ်တော်မူရခြင်းမှာ မိမိ၏ဖြောင့်မတ်ခြင်းကို ပြသရန်ဖြစ်၏။ ထိုသို့ ဘုရားသခင်သည် သည်းခံတော်မူ၍ လူတို့ကျူးလွန်ခဲ့သောအပြစ်များကို ပြစ်ဒဏ်မပေးဘဲနေတော်မူ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ကျွန်ုပ်တို့သည် ကယ်တင်တော်မူခြင်းခံရ၏။ ဤသို့ ကယ်တင်တော်မူခြင်းခံရသည်မှာ ကျွန်ုပ်တို့ ပြုသည့်ဖြောင့်မတ်သောအကျင့်ကြောင့် မဟုတ်ဘဲ သနားကြင်နာတော်မူခြင်းကြောင့် ဖြစ်၏။ ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဆေးကြောပေးခြင်းဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေခြင်းနှင့် စိတ်သစ်လူသစ်ဖြစ်စေခြင်းအားဖြင့် ကယ်တင်တော်မူ၏။
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။