ထိုအခါ မည်သူမျှ အဖြေမပေးနိုင်ကြ။ ထိုနေ့မှစ၍ ယေရှုအား မည်သူမျှ ထပ်မံ၍ မမေးလျှောက်ဝံ့ကြပေ။
ရှင်ယောဟန် 21:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “လာ၍ နံနက်စာကို စားကြလော့” ဟု တပည့်တော်တို့ကို မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်တော်မူကြောင်းကို သိကြသဖြင့် မည်သူကမျှ “အရှင်သည် မည်သူနည်း” ဟု မမေးလျှောက်ဝံ့ကြ။ Common Language Bible သခင်ယေရှုက ``လာ၍စားကြလော့'' ဟုသူ တို့အားမိန့်တော်မူ၏။ ကိုယ်တော်သည်မိမိတို့ ၏သခင်ဘုရားပင်ဖြစ်တော်မူကြောင်းကိုသိ ကြသဖြင့်အဘယ်တပည့်တော်မျှ ``အရှင် သည်အဘယ်သူနည်း'' ဟုမမေးမလျှောက် ဝံ့ကြ။- Garrad Bible ထိုအခါယေရှုက လာ၍နံနက်စာစားကြလော့ဟု မိန့်တော်မူရာ၊ အရှင်ဘုရားဖြစ်ကြောင်းထင်မှတ်ကြသဖြင့် သင်မည်သူနည်းဟု တပည့်တော်တစ်ပါးမျှ မမေးဝံ့။ Judson Bible ယေရှုကလည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူနည်းဟူ၍ တစ်စုံတစ်ယောက်မျှ မမေးမလျှောက်ဝံ့ကြ။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“လာ၍နံနက်စာကိုစားကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်ကြောင်း သိကြသောကြောင့် မည်သူကမျှ “အရှင်သည်မည်သူနည်း”ဟု မမေးဝံ့ကြ။ မြန်မာ ယေရှုကလည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူနည်းဟူ၍ တစ်စုံတစ်ယောက်မျှ မမေးမလျှောက်ဝံ့ကြ။- |
ထိုအခါ မည်သူမျှ အဖြေမပေးနိုင်ကြ။ ထိုနေ့မှစ၍ ယေရှုအား မည်သူမျှ ထပ်မံ၍ မမေးလျှောက်ဝံ့ကြပေ။
တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူသောစကားကို နားမလည်သော်လည်း ထိုအဓိပ္ပာယ်ကို မမေးလျှောက်ဝံ့ကြ။
သို့သော် ထိုစကားတော်၏အနက်အဓိပ္ပာယ်ကို ဖုံးကွယ်ထားတော်မူသည်ဖြစ်၍ တပည့်တော်တို့သည် နားမလည်ကြပေ။ ဤစကားတော်၏ဆိုလိုရင်းကိုလည်း မမေးလျှောက်ဝံ့ကြ။
ယေရှုသည် တပည့်တော်တို့ မေးခွန်းမေးလျှောက်လိုကြောင်းကို သိတော်မူသောအခါ “ ‘မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်’ ဟု သင်တို့ကို ငါပြောသောစကားနှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆို နေကြသလော။
ထို့ကြောင့် ရှိမုန်ပေတရုသည် လှေပေါ်သို့ တက်၍ ငါးကြီး တစ်ရာငါးဆယ့်သုံးကောင်နှင့် ပြည့်နေသောပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက်များသောငါးတို့ကို ဖမ်းမိသော်လည်း ပိုက်ကွန်သည် မစုတ်ပြဲပေ။
နံနက်စာစားသောက်ကြပြီးနောက် ယေရှုက “ယောဟန်၏သားရှိမုန်… အခြားတပည့်တော်များ ငါ့ကို ချစ်သည်ထက် သင်သည် ငါ့ကို ပို၍ ချစ်သလော” ဟု ရှိမုန်ပေတရုကို မေးတော်မူ၏။ ပေတရုက “ချစ်ပါ၏ သခင်။ အကျွန်ုပ်သည် သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။
ထိုအချိန်၌ တပည့်တော်တို့သည် ပြန်ရောက်လာကြ၏။ ယေရှုသည် အမျိုးသမီးတစ်ဦးနှင့် စကားပြောတော်မူသည်ကို တပည့်တော်တို့မြင်သောအခါ အံ့သြကြ၏။ သို့သော်လည်း “မည်သည့်အရာ အလိုရှိတော်မူသနည်း” သို့မဟုတ် “အဘယ်ကြောင့် ထိုအမျိုးသမီးနှင့် ပြောဆိုတော်မူသနည်း” ဟူ၍ မည်သူမျှ မမေးဝံ့ကြပေ။
သို့ရာတွင် လူအပေါင်းတို့ထံ၌ ကိုယ်ထင်ပြစေတော်မူသည်မဟုတ်။ ဘုရားသခင်ကိုယ်တိုင် သက်သေများအဖြစ် ကြိုတင်ရွေးချယ်ထားသော ကျွန်ုပ်တို့ထံ၌သာ ကိုယ်ထင်ပြစေတော်မူ၏။ ယေရှုခရစ်တော် သေခြင်းမှ ထမြောက်တော်မူပြီးနောက် ကျွန်ုပ်တို့သည်လည်း ထိုသခင်နှင့်အတူ စားသောက်ကြ၏။