ယေရှုသည် ထိုသူတို့၏ စိတ်ကိုသိမြင်တော်မူသဖြင့် “သင်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။
ရှင်ယောဟန် 2:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယေရှုသည် လူ့သဘောသဘာဝကို သိတော်မူသဖြင့် ထိုသူတို့ကို ယုံကြည်စိတ်ချတော်မမူပေ။ Common Language Bible သို့ရာတွင်ကိုယ်တော်သည်လူခပ်သိမ်းတို့၏ အကြောင်းကိုသိတော်မူသဖြင့် ထိုသူတို့ အားယုံစားတော်မမူ။ Garrad Bible သို့သော်လည်းယေရှုသည် လူခပ်သိမ်းတို့ကိုသိကျွမ်းတော်မူသည့်အလျောက် မည်သူ့သက်သေခံချက်ကိုမျှမလိုဘဲ လူ့အတွင်းသဘောကိုကိုယ်တော်တိုင်သိမြင်တော်မူသောကြောင့် ကိုယ်ကိုသူတို့သို့ယုံအပ်တော်မမူ။ Judson Bible သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယေရှုသည် မိမိကိုယ်ကို သူတို့ထံ၌ပုံအပ်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် လူခပ်သိမ်းတို့ကိုသိတော်မူ၍ မြန်မာ သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။- |
ယေရှုသည် ထိုသူတို့၏ စိတ်ကိုသိမြင်တော်မူသဖြင့် “သင်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။
ယေရှုသည် ကျမ်းတတ်ဆရာများက ထိုသို့တွေးတောနေကြသည်ကို ချက်ချင်းသိတော်မူသဖြင့် သူတို့အား “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။
ထို့နောက် သူသည် ပေတရုကို ယေရှုထံတော်သို့ ခေါ်လာ၏။ ယေရှုက ပေတရုကို စူးစိုက်ကြည့်ပြီးလျှင် “သင်သည် ယောဟန်၏သား ရှိမုန်ဖြစ်၏။ သို့သော် သင့်ကို ကေဖဟူ၍ ခေါ်ရလိမ့်မည်” ဟု မိန့်တော်မူ၏။ (ကေဖ၏ အဓိပ္ပာယ်မှာ ကျောက်ဖြစ်၏။)
ကိုယ်တော်သည် အရာခပ်သိမ်းကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော့်ကို မေးလျှောက်ရန် မလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါ၏။ ထို့ကြောင့် သခင်သည် ဘုရားသခင်ထံမှ ကြွလာကြောင်းကို အကျွန်ုပ်တို့ ယုံကြည်ကြပါ၏” ဟု လျှောက်ကြ၏။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
အဘယ်ကြောင့်ဆိုသော် သင်တို့ အထဲ၌ ဘုရားသခင်ကိုချစ်သောစိတ် မရှိကြောင်း ငါသိမြင်သောကြောင့်ဖြစ်၏။
ယေရှုသည် ထိုသူတို့ လာ၍ မိမိကို ရှင်ဘုရင်အဖြစ် အတင်းအကျပ်တင်မြှောက်ကြမည်ကို သိမြင်တော်မူသဖြင့် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွတော်မူ၏။
သို့သော်လည်း သင်တို့ထဲမှ တချို့သည် ငါ့ကို မယုံကြည်ကြ” ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူရခြင်းမှာ ယေရှုသည် မည်သူတို့ မယုံကြည်ဘဲနေသည်ကိုလည်းကောင်း၊ မည်သူ မိမိကို သစ္စာဖောက်မည်ကိုလည်းကောင်း အစဦးကပင် သိတော်မူသောကြောင့်ဖြစ်၏။
ထိုမှတစ်ဖန် သူတို့က “အို သခင်ဘုရား… သခင်သည် လူအပေါင်းတို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ ယုဒသည် မိမိနှင့်ထိုက်သောနေရာသို့ သွားရန် တမန်တော်ရာထူးကို စွန့်လွှတ်သွားလေပြီ။ ထို့ကြောင့် ဤအမှုတော်လုပ်ငန်းနှင့် သူ၏တာဝန်ကို ဆက်ခံရန် သခင်ဘုရားသည် ဤသူနှစ်ဦးထဲမှ မည်သူ့ကို ရွေးချယ်တော်မူကြောင်း ဖော်ပြတော်မူပါ” ဟု ဆုတောင်းကြ၏။
လူ့စိတ်နှလုံးကို သိမြင်တော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့အား ပေးသနားသကဲ့သို့ ထိုသူတို့အား ပေးသနားခြင်းဖြင့် သူတို့ကို လက်ခံကြောင်းအတည်ပြုတော်မူ၏။
ဖန်ဆင်းတော်မူသောအရာမှန်သမျှသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှား၏။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မထင်ရှားသည့်အရာ တစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ဆောင်ချက်များအတွက် ထိုအရှင်ထံ ဝန်ခံကြရမည်။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။