ရှင်ယောဟန် 2:24 - Common Language Bible24 သို့ရာတွင်ကိုယ်တော်သည်လူခပ်သိမ်းတို့၏ အကြောင်းကိုသိတော်မူသဖြင့် ထိုသူတို့ အားယုံစားတော်မမူ။ အခန်းကိုကြည့်ပါ။Garrad Bible24-25 သို့သော်လည်းယေရှုသည် လူခပ်သိမ်းတို့ကိုသိကျွမ်းတော်မူသည့်အလျောက် မည်သူ့သက်သေခံချက်ကိုမျှမလိုဘဲ လူ့အတွင်းသဘောကိုကိုယ်တော်တိုင်သိမြင်တော်မူသောကြောင့် ကိုယ်ကိုသူတို့သို့ယုံအပ်တော်မမူ။ အခန်းကိုကြည့်ပါ။Judson Bible24 သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 သို့သော် ယေရှုသည် မိမိကိုယ်ကို သူတို့ထံ၌ပုံအပ်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် လူခပ်သိမ်းတို့ကိုသိတော်မူ၍ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း24 သို့သော် ယေရှုသည် လူ့သဘောသဘာဝကို သိတော်မူသဖြင့် ထိုသူတို့ကို ယုံကြည်စိတ်ချတော်မမူပေ။ အခန်းကိုကြည့်ပါ။မြန်မာ24 သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်တပည့်တော်တို့သည်``အို သခင်ဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့၏စိတ်နှလုံး ကိုသိတော်မူပါ၏။ ယုဒသည်မိမိနှင့်ထိုက်ရာ အရပ်သို့လားရအံ့သောငှာ တမန်တော်ရာထူး ကိုစွန့်လွှတ်၍သွားပါပြီ။ ထိုရာထူးတွင်ဤသူ နှစ်ယောက်အနက် အဘယ်သူကိုကိုယ်တော်ရှင် ရွေးကောက်ခန့်ထားတော်မူသည်ကို အကျွန်ုပ်တို့ အားဖော်ပြတော်မူပါ'' ဟုဆုတောင်းပတ္ထနာ ပြုကြ၏။-
ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
တတိယအကြိမ်ကိုယ်တော်က ``ယောဟန်၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ဤသို့တတိယအကြိမ်မေးတော်မူသဖြင့် ပေတရုသည်ဝမ်းနည်း၍ ``သခင်၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိတော်မူ၏။ ကိုယ်တော် အားအကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော် မူပါ၏'' ဟုလျှောက်၏။ သခင်ယေရှုက ``ငါ့သိုးတို့ကိုထိန်းလော့။-
ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။-
ကိုယ်တော်၏လူမျိုးတော်သည်ဘိုးဘေးများ အားပေးတော်မူမည့်ပြည်တော်တွင်နေထိုင်ရ သမျှကာလပတ်လုံး ကိုယ်တော်အားကြောက်ရွံ့ ရိုသေကြစေရန်သူတို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူပါ။ ကိုယ်တော်စံတော်မူ ရာကောင်းကင်ဘုံကနေ၍နားထောင်တော်မူ လျက် သူတို့အားအပြစ်ဖြေလွှတ်၍ကူမ တော်မူပါ။ ကိုယ်တော်သာလျှင်လူအပေါင်း တို့၏အကြံအစည်များကိုသိတော်မူပါ ၏။ လူတိုင်းခံစားသင့်သည့်အကျိုးအပြစ် အလျောက်စီရင်တော်မူပါ။''