Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 2:24 - မြန်မာ

24 သို့​သော်​လည်း​ယေ​ရှု​သည် ထို​သူ​တို့၌ ကိုယ်​ကို​အပ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​ကို သိ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 သို့​ရာ​တွင်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့​၏ အ​ကြောင်း​ကို​သိ​တော်​မူ​သ​ဖြင့် ထို​သူ​တို့ အား​ယုံ​စား​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24-25 သို့သော်လည်းယေရှုသည် လူခပ်သိမ်းတို့ကိုသိကျွမ်းတော်မူသည့်အလျောက် မည်သူ့သက်သေခံချက်ကိုမျှမလိုဘဲ လူ့အတွင်းသဘောကိုကိုယ်တော်တိုင်သိမြင်တော်မူသောကြောင့် ကိုယ်ကိုသူတို့သို့ယုံအပ်တော်မမူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 သို့​သော်​လည်း​ယေ​ရှု​သည် ထို​သူ​တို့၌ ကိုယ်​ကို​အပ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​ကို သိ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 သို့သော် ယေရှု​သည် မိမိကိုယ်ကို သူ​တို့​ထံ၌​ပုံအပ်​တော်​မ​မူ။ အကြောင်းမူကား ကိုယ်တော်​သည် လူ​ခပ်သိမ်း​တို့​ကို​သိ​တော်မူ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 သို့သော် ယေရှု​သည် လူ့​သဘောသဘာဝ​ကို သိတော်မူ​သဖြင့် ထို​သူတို့​ကို ယုံကြည်​စိတ်ချတော်မမူပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 2:24
21 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ငြူ​စူ​သော​စိတ် ရှိ​ကြ​သ​နည်း။-


သူ​တို့​စိတ်​ထဲ​မှာ ထို​သို့ ထင်​မှတ်​ခြင်း​ရှိ​သည်​ကို ယေ​ရှု​သည် မိ​မိ​ဉာဏ်​အား​ဖြင့် ချက်​ချင်း​သိ​တော်​မူ​လျှင်၊ သင်​တို့ စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ဤ​သို့ ထင်​မှတ်​ကြ​သ​နည်း။-


သူ့​ကို ယေ​ရှု​ထံ​သို့ ပို့​ဆောင်​လေ၏။ မေ​ရှိ​ယ​အ​နက်​ကား ခ​ရစ်​တော်​ဟု​ဆို​လို​သ​တည်း။ ယေ​ရှု​သည် ထို​သူ​ကို​ကြည့်​ရှု၍၊ သင်​သည် ယော​န၏​သား​ရှိ​မုန်​ဖြစ်၏။ ကေ​ဖ​အ​မည်​သစ်​ကို ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏၊ ကေ​ဖ​အ​နက်​ကား ပေ​တ​ရု​ဟု ဆို​လို​သ​တည်း။


အ​လုံး​စုံ​တို့​ကို သိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​ကို မေး​မြန်း​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယ​ခု​တွင် အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ဤ​အ​ကြောင်း​ကို​ထောက်၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​တော်​မူ​သည်​ကို ယုံ​ပါ​သည်​ဟု လျှောက်​ကြ၏-


ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။-


ယေ​ရှု​က၊ သွား​လော့။ သင်၏​လင်​ကို​ခေါ်၍ သည်​ကို​လာ​ဦး​လော့​ဟု မိန့်​တော်​မူ၏။-


သို့​သော်​လည်း ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မေ​တ္တာ​သည် သင်​တို့၌ မ​ရှိ​သည်​ကို ငါ​သိ၏။-


ထို​သူ​တို့​သည် ကိုယ်​တော်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ​လာ၍ အ​နိုင်​အ​ထက်​ပြု​ကြ​မည်​အ​ကြောင်း​ကို ယေ​ရှု​သည်​သိ​တော်​မူ​လျှင်၊ တောင်​ပေါ်​သို့ တစ်​ယောက်​တည်း​ကြွ​တော်​မူ​ပြန်၏။


သို့​သော်​လည်း သင်​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ