ပြင်ဆင်ရာနေ့ဟူသောအဖိတ်နေ့ကုန်လွန်၍ ဥပုသ်နေ့ရောက်သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများသည် ပိလတ်မင်းထံသို့ သွား၍
ရှင်ယောဟန် 19:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်သောကြောင့် ဂျူးခေါင်းဆောင်များက အလောင်းတို့ကို လက်ဝါးကပ်တိုင်တွင် ဥပုသ်နေ့ရောက်သည်အထိ မရှိစေလိုကြ။ ထိုဥပုသ်နေ့သည် ပသခါပွဲတော်ကျင်းပသည့် နေ့ထူးနေ့မြတ်လည်း ဖြစ်၏။ ထို့ကြောင့် သူတို့သည် လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခြင်းခံရသော သူတို့၏ ခြေကို ချိုး၍ ယူသွားခွင့် ပေးရန် ပိလတ်မင်းထံ၌ ခွင့်တောင်းကြ၏။ Common Language Bible ယုဒအာဏာပိုင်တို့သည်လက်ဝါးကပ်တိုင် တွင်တင်ထားသူများ၏ခြေတို့ကိုချိုး၍ အလောင်းများကိုယူဆောင်သွားခွင့်ပြုရန် ပိလတ်မင်းအားတောင်းလျှောက်ကြ၏။ သူတို့ ဤသို့တောင်းလျှောက်ကြရခြင်းမှာထိုနေ့ သည်အဖိတ်နေ့ဖြစ်၍ဥပုသ်နေ့၌ အလောင်း များကိုလက်ဝါးကပ်တိုင်တွင်မရှိစေလို သောကြောင့်လည်းကောင်း၊ ထိုဥပုသ်နေ့သည် လည်းနေ့ထူးနေ့မြတ်ဖြစ်သောကြောင့် လည်းကောင်းဖြစ်ပေသည်။- Garrad Bible ထိုနေ့သည်အဖိတ်နေ့ဖြစ်၍ နောက်ဥပုသ်နေ့လည်းနေ့ထူးနေ့မြတ်ဖြစ်သောကြောင့် ဥပုသ်နေ့တွင် ကားတိုင်များပေါ်မှာမရှိစေခြင်းငှါ ခြေများကိုချိုး၍ အလောင်းများကိုယူသွားခွင့်ပေးမည့်အကြောင်း ပိလတ်မင်းထံ ယုဒလူမျိုးတို့တောင်းပန်ကြသည့်အတိုင်း၊ Judson Bible ထိုနေ့သည် အဖိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှာ ပိလတ်မင်းထံသို့ဝင်ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်ပြီး နောက်တစ်နေ့သည် ကြီးမြတ်သောဥပုသ်နေ့ဖြစ်သောကြောင့် ဂျူးလူမျိုးတို့သည် ထိုဥပုသ်နေ့တွင် လက်ဝါးကပ်တိုင်ပေါ်မှာ အလောင်းများမရှိစေလိုသဖြင့် လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခြင်းခံရသောသူများ၏ခြေတို့ကိုချိုးပြီး အလောင်းများကိုယူသွားခွင့်ပေးရန် ပိလတ်မင်းထံ တောင်းဆိုကြ၏။ မြန်မာ ထိုနေ့သည် အဖိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှာ ပိလတ်မင်းထံသို့ဝင်ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။- |
ပြင်ဆင်ရာနေ့ဟူသောအဖိတ်နေ့ကုန်လွန်၍ ဥပုသ်နေ့ရောက်သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများသည် ပိလတ်မင်းထံသို့ သွား၍
ထိုအချိန်သည် ပသခါပွဲတော်ကျင်းပရန်အတွက် ပြင်ဆင်ရာနေ့၏ မွန်းတည့်ချိန်ခန့် ဖြစ်၏။ ပိလတ်မင်းက “ကြည့်ကြလော့။ ဤသူသည် သင်တို့၏ ရှင်ဘုရင်ပင်ဖြစ်၏” ဟု ဂျူးလူမျိုးတို့ကို ဆို၏။
ထိုနေ့သည် ဂျူးလူမျိုးတို့၏ ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီး၌ ရှိသောကြောင့် သူတို့နှစ်ဦးသည် အလောင်းတော်ကို ထိုဂူ၌ သင်္ဂြိုဟ်ကြ၏။