ထိုနေရာ၌ စစ်သားများက ဆေးခါးနှင့် ရောစပ်ထားသောစပျစ်ဝိုင်ကို ကိုယ်တော်အား တိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်းကြည့်တော်မူပြီးလျှင် မသောက်ဘဲနေတော်မူ၏။
ရှင်ယောဟန် 19:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာ၌ အချဉ်ဖောက်ထားသောစပျစ်ဝိုင်ပုံးရှိ၏။ ထို့ကြောင့် သူတို့သည် ရေမြှုပ်ကို ထိုပုံးတွင် နှစ်၍ ဟုဿုပ်ပင်ကိုင်းဖျားတွင် တပ်လျက် ယေရှု၏နှုတ်ခမ်းတော်နားသို့ ကပ်ပေးကြ၏။ Common Language Bible ထိုနေရာတွင်ပုန်းရည်အပြည့်ထည့်ထား သောအိုးတစ်လုံးရှိ၏။ ထိုသူတို့သည်ရေ မြှုပ်တစ်ခုကိုပုန်းရည်တွင်နှစ်၍ဟုဿုပ်ပင် အကိုင်းအဖျား၌တပ်ပြီးလျှင်ကိုယ်တော် ၏ခံတွင်းတော်သို့ကမ်းပေးကြ၏။- Garrad Bible ထိုအရပ်တွင် ပုန်းရည်အပြည့်ထည့်ထားသောအိုးတစ်လုံးရှိ၍ ရေမှိုတစ်ပွင့်ကို ပုန်းရည်နှင့်ပြည့်စေပြီးလျှင် ဟုဿုပ်ကိုင်းတွင်တပ်လျက် ခံတွင်းတော်ရောက်ကမ်းပေးကြ၏။ Judson Bible ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ကပ်ထားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်၌ ဝိုင်ချဉ်အပြည့်ရှိသော အိုးတစ်လုံးကိုထားရှိသည်ဖြစ်၍ လူတို့သည် ဝိုင်ချဉ်ဝနေသောရေမြှုပ်ကို ဟုဿုပ်ရိုးတံအဖျား၌တပ်လျက် နှုတ်ခမ်းတော်နားသို့ကပ်ပေးကြ၏။ မြန်မာ ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ကပ်ထားကြ၏။- |
ထိုနေရာ၌ စစ်သားများက ဆေးခါးနှင့် ရောစပ်ထားသောစပျစ်ဝိုင်ကို ကိုယ်တော်အား တိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်းကြည့်တော်မူပြီးလျှင် မသောက်ဘဲနေတော်မူ၏။
ထိုသူတို့ထဲမှ လူတစ်ဦးသည် ချက်ချင်းပြေး၍ အချဉ်ဖောက်ထားသောစပျစ်ဝိုင်၌ ရေမြှုပ်ကို နှစ်ပြီးလျှင် ကျူရိုးဖျား၌ ချည်လျက် ကိုယ်တော့်ကို သောက်ရန် ပေးလေ၏။
ထို့နောက် ယေရှုသည် ထပ်မံ၍ ကျယ်လောင်စွာ အော်ဟစ်တော်မူပြီးလျှင် အသက်တော်ချုပ်တော်မူ၏။
ထိုသူတို့ထဲမှ လူတစ်ဦးသည် ချက်ချင်းပြေး၍ အချဉ်ဖောက်ထားသောစပျစ်ဝိုင်၌ ရေမြှုပ်ကို နှစ်ပြီးလျှင် ကျူရိုးဖျား၌ ချည်လျက် ယေရှုသောက်ရန် ပေးလေ၏။ ထို့နောက် သူက “ရှိပါလေစေ။ ဧလိယသည် သူ့ကို လက်ဝါးကပ်တိုင်ပေါ်မှ အောက်သို့ ချရန် လာမည်မလာမည်ကို ကြည့်ကြစို့” ဟု ဆို၏။