Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 19:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ထို​အရပ်​၌ ဝိုင်ချဉ်​အပြည့်​ရှိ​သော အိုး​တစ်​လုံး​ကို​ထားရှိ​သည်​ဖြစ်​၍ လူ​တို့​သည် ဝိုင်ချဉ်​ဝ​နေ​သော​ရေမြှုပ်​ကို ဟုဿုပ်​ရိုးတံ​အဖျား​၌​တပ်​လျက် နှုတ်ခမ်း​တော်​နား​သို့​ကပ်​ပေး​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 ထို​နေ​ရာ​တွင်​ပုန်း​ရည်​အ​ပြည့်​ထည့်​ထား သော​အိုး​တစ်​လုံး​ရှိ​၏။ ထို​သူ​တို့​သည်​ရေ မြှုပ်​တစ်​ခု​ကို​ပုန်း​ရည်​တွင်​နှစ်​၍​ဟု​ဿုပ်​ပင် အ​ကိုင်း​အ​ဖျား​၌​တပ်​ပြီး​လျှင်​ကိုယ်​တော် ၏​ခံ​တွင်း​တော်​သို့​ကမ်း​ပေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ထိုအရပ်တွင် ပုန်းရည်အပြည့်ထည့်ထားသောအိုးတစ်လုံးရှိ၍ ရေမှိုတစ်ပွင့်ကို ပုန်းရည်နှင့်ပြည့်စေပြီးလျှင် ဟုဿုပ်ကိုင်းတွင်တပ်လျက် ခံတွင်းတော်ရောက်ကမ်းပေးကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ထို​အ​ရပ်၌ ပုံး​ရည်​နှင့်​ပြည့်​သော အိုး​တစ်​လုံး​ရှိ​သည်​ဖြစ်၍၊ ထို​သူ​တို့​သည် ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ဟုဿုပ်​ပင် အ​ကိုင်း​ဖျား၌​တပ်၍ ခံ​တွင်း​တော်​သို့​ကပ်​ထား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 ထို​နေရာ​၌ အချဉ်​ဖောက်ထားသော​စပျစ်ဝိုင်​ပုံး​ရှိ၏။ ထို့ကြောင့် သူတို့​သည် ရေမြှုပ်​ကို ထို​ပုံး​တွင် နှစ်​၍ ဟုဿုပ်ပင်​ကိုင်းဖျား​တွင် တပ်​လျက် ယေရှု​၏​နှုတ်ခမ်းတော်​နားသို့ ကပ်ပေးကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

29 ထို​အ​ရပ်၌ ပုံး​ရည်​နှင့်​ပြည့်​သော အိုး​တစ်​လုံး​ရှိ​သည်​ဖြစ်၍၊ ထို​သူ​တို့​သည် ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ဟုဿုပ်​ပင် အ​ကိုင်း​ဖျား၌​တပ်၍ ခံ​တွင်း​တော်​သို့​ကပ်​ထား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 19:29
9 ပူးပေါင်းရင်းမြစ်များ  

လက်ဘနွန်​တောင်​ရှိ သစ်ကတိုးပင်​မှစ၍ မြို့ရိုး​ကြား​ပေါက်​တတ်​သော ဟုဿုပ်ပင်​အထိ အပင်​များ​အကြောင်း​ကို မြွက်ဆို​ခဲ့​၏​။ တိရစ္ဆာန်​များ​အကြောင်း​၊ ငှက်​များ​အကြောင်း​၊ တွားသွားသတ္တဝါ​များ​အကြောင်း​ကို​လည်း မြွက်ဆို​ခဲ့​၏​။


အကျွန်ုပ်​ကို ဟုဿုပ်ခက်​ဖြင့် သန့်စင်​စေ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် စင်ကြယ်​ပါ​လိမ့်မည်​။ အကျွန်ုပ်​ကို​ဆေးကြော​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် နှင်းပွင့်​ထက် ပို၍​ဖြူ​ပါ​လိမ့်မည်​။


ဟုဿုပ်ညွန့်​တစ်စည်း​ကို​ယူ​၍ အင်တုံ​ထဲ၌​ရှိ​သော​သွေး​တွင်​နှစ်​ပြီးလျှင် တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​ကို အင်တုံ​ထဲမှ​သွေး​ဖြင့် သုတ်​ရ​မည်​။ နံနက်​တိုင်အောင် မည်သူမျှ မိမိ​အိမ်​တံခါး​အပြင်​သို့ မ​ထွက်​ရ​။


စင်ကြယ်​သော​သူ​သည် ဟုဿုပ်ညွန့်​ကို​ယူ​၍ ထို​ရေ​ထဲသို့​နှစ်​ပြီး တဲ​နှင့် တဲ​ထဲ​ရှိ​အသုံးအဆောင်​အားလုံး​ကို​လည်းကောင်း​၊ တဲ​ထဲ​ရှိ​လူ​တို့​ကို​လည်းကောင်း​၊ လူသေ​အရိုး​၊ အသတ်ခံရ​သူ​၊ အလိုလို​သေ​သော​သူ​၊ သင်္ချိုင်းဂူ​ကို ထိမိ​သော​သူ​ကို​လည်းကောင်း ဖျန်း​ရ​မည်​။


သူ​တို့​သည် ကိုယ်တော်​အား ဆေးခါး​နှင့်​ရော​ထား​သော​စပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ ကိုယ်တော်​သည် မြည်းစမ်း​၍ သောက်​လို​သော​စိတ်​ရှိ​တော်​မ​မူ​ချေ။


ထိုအခါ သူ​တို့​အထဲမှ တစ်​ယောက်​သည် ချက်ချင်း​ပြေး​သွား​၍ ရေမြှုပ်​ကို​ယူ​ကာ ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ၎င်း​ကို​ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​၏။


ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ကို​စွန့်​တော်မူ​၏။


ထိုအခါ လူ​တစ်​ဦး​သည်​ပြေးသွား​၍ ရေမြှုပ်​ကို ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​ကာ “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို အောက်သို့​ချ​ရန် လာ​မည်​၊ မ​လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​စို့”​ဟု ဆို​လေ​၏။


စစ်သား​တို့​သည်​လည်း ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ပြီး ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် ဝိုင်ချဉ်​ကို​တိုက်​ကာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ