မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေပြင်တစ်ခွင်လုံးတွင် အမှောင်ဖုံးလေ၏။
ရှင်ယောဟန် 19:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်သည် ပသခါပွဲတော်ကျင်းပရန်အတွက် ပြင်ဆင်ရာနေ့၏ မွန်းတည့်ချိန်ခန့် ဖြစ်၏။ ပိလတ်မင်းက “ကြည့်ကြလော့။ ဤသူသည် သင်တို့၏ ရှင်ဘုရင်ပင်ဖြစ်၏” ဟု ဂျူးလူမျိုးတို့ကို ဆို၏။ Common Language Bible ထိုအချိန်ကားပသခါပွဲအကြိုနေ့၊ မွန်းတည့် ခါနီးဖြစ်သတည်း။ ပိလတ်မင်းက ``ကြည့် ကြလော့၊ ဤမှာသင်တို့၏ရှင်ဘုရင်တည်း'' ဟုယုဒအမျိုးသားတို့အားဆို၏။ Garrad Bible ပသခါပွဲအဖိတ်နေ့ ခြောက်နာရီခန့်အချိန်ထိုင်ပြီးလျှင် ယုဒလူမျိုးတို့အားကြည့်ကြလော့။ သင်တို့ဘုရင်မင်းတည်းဟုဆိုသော်၊ Judson Bible ထိုနေ့အချိန်ကား၊ ပသခါအဖိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့သည် ပသခါပွဲတော်အတွက် ပြင်ဆင်ရာနေ့ဖြစ်၏။ အချိန်ကား မွန်းတည့်ချိန်ခန့်ရှိ၏။ ပိလတ်မင်းသည် ဂျူးလူမျိုးတို့အား “ကြည့်ပါ။ သင်တို့၏ဘုရင်ပေတည်း”ဟု ဆိုလေ၏။ မြန်မာ ထိုနေ့အချိန်ကား၊ ပသခါအဖိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊- |
မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေပြင်တစ်ခွင်လုံးတွင် အမှောင်ဖုံးလေ၏။
ပြင်ဆင်ရာနေ့ဟူသောအဖိတ်နေ့ကုန်လွန်၍ ဥပုသ်နေ့ရောက်သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများသည် ပိလတ်မင်းထံသို့ သွား၍
ထိုအချိန်သည် မွန်းတည့်ချိန်ခန့် ဖြစ်ပြီး မွန်းလွဲသုံးနာရီတိုင်အောင် မြေပြင်တစ်ခွင်လုံးသည် အမှောင်ဖုံးလေ၏။
ထို့နောက် သူတို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ “ဂျူးတို့၏ရှင်ဘုရင် ဘုန်းကြီးပါစေ” ဟု ပြက်ရယ်ပြုလျက် ပါးတော်ကို ရိုက်ကြ၏။
ထိုနေ့သည် ဂျူးလူမျိုးတို့၏ ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီး၌ ရှိသောကြောင့် သူတို့နှစ်ဦးသည် အလောင်းတော်ကို ထိုဂူ၌ သင်္ဂြိုဟ်ကြ၏။
ထိုအခါ ယေရှုသည် ဆူးရစ်သရဖူကို ဆောင်း၍ ခရမ်းရောင်ဝတ်ရုံကို ခြုံလျက် ထွက်ကြွလာ၏။ ပိလတ်မင်းက “သူ့ကို ကြည့်ကြလော့” ဟု ဆို၏။