Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 19:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို​နေ့​သည် ပသခါ​ပွဲတော်​အတွက် ပြင်ဆင်​ရာ​နေ့​ဖြစ်​၏။ အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ရှိ​၏။ ပိလတ်​မင်း​သည် ဂျူး​လူမျိုး​တို့​အား “ကြည့်​ပါ။ သင်​တို့​၏​ဘုရင်​ပေတည်း”​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ထို​အ​ချိန်​ကား​ပ​သ​ခါ​ပွဲ​အ​ကြို​နေ့၊ မွန်း​တည့် ခါ​နီး​ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​က ``ကြည့် ကြ​လော့၊ ဤ​မှာ​သင်​တို့​၏​ရှင်​ဘု​ရင်​တည်း'' ဟု​ယု​ဒ​အ​မျိုး​သား​တို့​အား​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ပသခါပွဲအဖိတ်နေ့ ခြောက်နာရီခန့်အချိန်ထိုင်ပြီးလျှင် ယုဒလူမျိုးတို့အားကြည့်ကြလော့။ သင်တို့ဘုရင်မင်းတည်းဟုဆိုသော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​နေ့​အ​ချိန်​ကား၊ ပ​သ​ခါ​အ​ဖိတ်​နေ့ တစ်​ချက်​တီး​အ​ချိန်​လောက်​ရှိ၏။ ပိ​လတ်​မင်း​က​လည်၊ သင်​တို့၏ ရှင်​ဘု​ရင်​ကို ကြည့်​ကြ​လော့​ဟု ယု​ဒ​လူ​တို့​အား ပြော​ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ထို​အချိန်​သည် ပသခါပွဲတော်​ကျင်းပ​ရန်အတွက် ပြင်ဆင်ရာနေ့​၏ မွန်းတည့်ချိန်​ခန့် ဖြစ်၏။ ပိလတ်မင်း​က “ကြည့်ကြလော့။ ဤ​သူ​သည် သင်တို့​၏ ရှင်ဘုရင်​ပင်​ဖြစ်၏” ဟု ဂျူး​လူမျိုးတို့​ကို ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

14 ထို​နေ့​အ​ချိန်​ကား၊ ပ​သ​ခါ​အ​ဖိတ်​နေ့ တစ်​ချက်​တီး​အ​ချိန်​လောက်​ရှိ၏။ ပိ​လတ်​မင်း​က​လည်၊ သင်​တို့၏ ရှင်​ဘု​ရင်​ကို ကြည့်​ကြ​လော့​ဟု ယု​ဒ​လူ​တို့​အား ပြော​ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 19:14
12 ပူးပေါင်းရင်းမြစ်များ  

မွန်းတည့်​ချိန်​မှစ၍ မွန်းလွဲ​သုံး​နာရီ​တိုင်အောင် မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လေ​၏။


ပြင်ဆင်​ရာ​နေ့​အလွန် နောက်တစ်နေ့​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဖာရိရှဲ​များ​သည် ပိလတ်​မင်း​ထံ​စုဝေး​ကြ​လျက်


ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​သည့်​အချိန်​မှာ နံနက်​ကိုး​နာရီ​ဖြစ်​၏။


ထို​နေ့​သည် ပြင်ဆင်​ရာ​နေ့​တည်းဟူသော အဖိတ်နေ့​ဖြစ်​သဖြင့် ညနေချမ်း​အချိန်​ရောက်​သောအခါ


ထို​အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ဖြစ်​၏။ ထိုမှ​မွန်းလွဲ​သုံး​နာရီ​တိုင်အောင် မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လေ​၏။


ထို​နေ့​ကား ပြင်ဆင်​ရာ​နေ့​ဖြစ်​၍ ဥပုသ်နေ့​သို့​ကူး​ရန် နီးကပ်​လာ​ပြီ​ဖြစ်​၏။


ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ဆို​ပြီး ကိုယ်တော်​ကို​ရိုက်ပုတ်​ကြ​၏။


ထို​နေ့​သည် ဂျူး​လူမျိုး​တို့​၏​ပြင်ဆင်​ရာ​နေ့​ဖြစ်​ပြီး ထို​သင်္ချိုင်း​ဂူ​သည်​လည်း အနီး​တွင်​ရှိ​သောကြောင့် ယေရှု​ကို ထို​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။


ထိုအခါ ယေရှု​သည် ဆူး​သရဖူ​နှင့်​ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​လျက် အပြင်​သို့​ထွက်လာ​၏။ ပိလတ်​မင်း​က​လည်း “ကြည့်​ပါ။ ဤ​သူ​ပင်​တည်း”​ဟု ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ