သို့သော်လည်း သင်တို့အား ငါပြောဆိုသည်မှာ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်ပေးလော့။
ရှင်ယောဟန် 18:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါ့စကား မှားလျှင် မှားကြောင်းကို ထောက်ပြပါ။ မှန်လျှင် အဘယ်ကြောင့် ငါ့ကိုရိုက်သနည်း” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``ငါ၏စကားမမှန်လျှင်မမှန် ကြောင်းကိုထောက်ပြပါ။ မှန်လျှင်မူကားအဘယ် ကြောင့်ငါ့ကိုရိုက်ပုတ်သနည်း'' ဟုမိန့်တော်မူ၏။ Garrad Bible ယေရှုက ငါမကောင်းပြောဆိုလျှင် မကောင်းကြောင်းသက်သေခံလော့။ အကောင်းပြောဆိုလျှင်မူကား အဘယ်ကြောင့်ရိုက်သနည်း ဟု မိန့်တော်မူ၏။ Judson Bible ယေရှုကလည်း၊ ငါ့စကားမမှန်လျှင် မမှန်ကြောင်းကိုပြပါ။ မှန်လျှင် ငါ့ကို အဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ငါပြောသောအရာမမှန်လျှင် မမှန်သည့်အကြောင်းကို ထောက်ပြလော့။ မှန်သည်ဆိုလျှင် အဘယ်ကြောင့် ငါ့ကိုရိုက်သနည်း”ဟု ထိုသူအား မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ ငါ့စကားမမှန်လျှင် မမှန်ကြောင်းကိုပြပါ။ မှန်လျှင် ငါ့ကို အဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။- |
သို့သော်လည်း သင်တို့အား ငါပြောဆိုသည်မှာ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်ပေးလော့။
သင်တို့နှင့် လူချင်းတွေ့သောအခါ မဝံ့မရဲဖြစ်၍ အဝေးတွင် ရှိသောအခါ ရဲဝံ့ပြတ်သားသည်ဟု သင်တို့မှတ်ယူသော ကျွန်ုပ်ပေါလုသည် ခရစ်တော်၏ နှိမ့်ချမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ဖြင့် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။