ထိုအခါ ပေတရုက “အခြားသူအပေါင်းတို့သည် သခင့်ကို စွန့်ခွာကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်ပါ” ဟု လျှောက်လေ၏။
ရှင်ယောဟန် 18:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အမျိုးသမီးက ပေတရုအား “သင်သည် ထိုသူ၏တပည့်များထဲမှတစ်ယောက် မဟုတ်လော” ဟု မေးလျှင် ပေတရုက “မဟုတ်ပါ” ဟု ငြင်းလေ၏။ Common Language Bible တံခါးစောင့်သူငယ်မက ``သင်သည်ထိုသူ၏ တပည့်တစ်ဦးမဟုတ်ပါလော'' ဟုမေးလျှင်၊ ပေတရုက ``ငါမဟုတ်'' ဟုဆို၏။ Garrad Bible တံခါးစောင့်ကျွန်မက သင်လည်းထိုသူ့တပည့်တို့အပေါင်းပါလောဟု ပေတရုအားမေးရာ၊ ငါမဟုတ်ဟု ပြန်ဆို၏။ Judson Bible တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တံခါးစောင့်ဖြစ်သော ထိုအစေခံမိန်းမက ပေတရုအား “သင်သည်လည်း ထိုသူ၏တပည့်တစ်ဦးဖြစ်သည်မဟုတ်လော”ဟု ဆိုလျှင် ပေတရုက “မဟုတ်ပါ”ဟု ဆိုလေ၏။ မြန်မာ တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။- |
ထိုအခါ ပေတရုက “အခြားသူအပေါင်းတို့သည် သခင့်ကို စွန့်ခွာကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်ပါ” ဟု လျှောက်လေ၏။
ထိုသူတို့သည် ယေရှုကိုဖမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်သွားကြ၏။ ပေတရုသည် မလှမ်းမကမ်းမှလိုက်လေ၏။
ပေတရုမှာမူ ဝင်းတံခါး အပြင်၌ ရပ်နေ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သိကျွမ်းသောတပည့်တော်က တံခါးစောင့်အမျိုးသမီးကို ခွင့်တောင်းကာ ပေတရုကို ရုံးတော်ဝင်းသို့ ခေါ်သွင်းလေ၏။
ထိုအချိန်၌ ရှိမုန်ပေတရုသည် ရပ်လျက် မီးလှုံနေစဉ် လူတို့က “သင်သည်လည်း သူ၏ တပည့်များထဲမှ တစ်ယောက်မဟုတ်လော” ဟု မေးကြ၏။ ပေတရုက “မဟုတ်ပါ” ဟု ငြင်းပြန်၏။
ထိုသူတို့က “နာဇရက်မြို့သားယေရှုကို ရှာကြသည်” ဟု ဆိုကြ၏။ ယေရှုက “ငါသည် ထိုသူပင်ဖြစ်သည်” ဟု မိန့်တော်မူ၏။ ယေရှုကို သစ္စာဖောက်သောယုဒသည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။
ယေရှုက “ ‘ငါသည် ထိုသူဖြစ်သည်’ ဟု သင်တို့ကို ငါပြောခဲ့ပြီ။ သင်တို့ ရှာသောသူမှာ ငါဖြစ်လျှင် ဤသူတို့သွားပါလေစေ” ဟု မိန့်တော်မူ၏။
နံနက်စာစားသောက်ကြပြီးနောက် ယေရှုက “ယောဟန်၏သားရှိမုန်… အခြားတပည့်တော်များ ငါ့ကို ချစ်သည်ထက် သင်သည် ငါ့ကို ပို၍ ချစ်သလော” ဟု ရှိမုန်ပေတရုကို မေးတော်မူ၏။ ပေတရုက “ချစ်ပါ၏ သခင်။ အကျွန်ုပ်သည် သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။
ပေတရုသည် ခန်းမတံခါးကို ခေါက်ရာ ရောဒေအမည်ရှိ အိမ်အကူအမျိုးသမီးငယ်တစ်ယောက်သည် တံခါးဖွင့်ရန် ရောက်လာ၏။