အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်ယောဟန် 16:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သင်တို့​၏​ယုံကြည်ခြင်း​ကို မစွန့်လွှတ်​ရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။

အခန်းကိုကြည့်ပါ။

Common Language Bible

``သင်​တို့​၏​ယုံ​ကြည်​ခြင်း​မ​ပျက်​ပြား​စေ​ရန် ဤ​အ​မှု​အ​ရာ​များ​ကို​ငါ​ကြို​တင်​ဖော်​ပြ ခဲ့​ပြီ။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင်တို့မတိုက်လဲကြစေရန် ဤသို့ငါဟောခဲ့ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​သည် စိတ်​မ​ပျက်​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို ငါ​ဟော​ပြော၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​တို့​စိတ်​မ​ပျက်​စေရန် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​ထား​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

သင်​တို့​သည် စိတ်​မ​ပျက်​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို ငါ​ဟော​ပြော၏။-

အခန်းကိုကြည့်ပါ။



ရှင်ယောဟန် 16:1
11 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကြောင့် စိတ်မပျက်သော​သူ​သည် မင်္ဂလာ​ရှိ၏” ဟု ပြန်​၍ မိန့်တော်မူ၏။


သို့သော်လည်း ထို​တရားစကား​မှာ သူတို့​၏ စိတ်နှလုံး​တွင် အမြစ်​မစွဲ​သောကြောင့် ခဏ​သာ​ခံ၏။ ထို​တရားစကား​ကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရ​သောအခါ ချက်ချင်း​ပင် ဖောက်ပြန်တတ်၏။


ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်ကြ၏။ သို့သော် ယေရှု​က သူတို့​အား “ပရောဖက်​သည် မိမိ​နေရပ်မြို့၊ မိမိ​အိမ်​မှလွဲ၍ အခြားသော​အရပ်​တွင် ဂုဏ်အသရေရှိသည်” ဟု မိန့်တော်မူ၏။


ထိုကာလ​၌ လူများစွာတို့​သည် ယုံကြည်ခြင်း​မှ လမ်းလွဲ​၍ အချင်းချင်း သစ္စာဖောက်​လျက် မုန်းတီးကြ​လိမ့်မည်။


ငါ​၏​ဝမ်းမြောက်ခြင်း​ကို သင်တို့​ခံစားရ​၍ အပြည့်အဝ​ဝမ်းမြောက်​နိုင်စေရန် ဤ​စကား​ကို ငါ​ပြော၏။


ဤ​အကြောင်းအရာများ​ကို သင်တို့​အား ယခု ငါ​ပြောပြီ။ သို့မှသာ ဤ​အရာများ​ဖြစ်ပျက်လာ​သောအခါ သင်တို့​အား ငါ​ပြော​နှင့်ပြီး​ဖြစ်ကြောင်း​ကို သင်တို့​သတိရကြ​လိမ့်မည်။ ယခင်​က သင်တို့​ကို ငါ​မပြောဘဲ နေခဲ့သည်​မှာ ငါ​သည် သင်တို့​နှင့်အတူ ရှိနေသေး​သောကြောင့် ဖြစ်၏။


အသား​စားခြင်း၊ စပျစ်ဝိုင်​သောက်ခြင်း​စသော သင်​၏ ညီအစ်ကို​မောင်နှမ​တစ်ဦးဦး တိုက်မိ​၍​လဲစရာ​ဖြစ်စေမည့် အရာ​မှန်သမျှ​ကို ရှောင်သင့်၏။


ဤသည်​မှာ သင်တို့​သည် အကောင်းဆုံး​ဖြစ်သော​အရာ​ကို ပိုင်းခြားသိမြင်​နိုင်​၍ ခရစ်တော် ပြန်ကြွလာမည့်​နေ့​တိုင်အောင် ဖြူစင်​ရိုးသား​ပြီး အပြစ်ဆိုဖွယ်​မရှိ​စေရန် ဖြစ်၏။


ထို့အပြင် ကျမ်းစာ​၌ “၎င်း​သည် ဆူးငြောင့်ခလုတ်​ဖြစ်သော​ကျောက်၊ တိုက်မိ​၍​လဲစရာ​ဖြစ်သော​ကျောက် ဖြစ်၏” ဟု ဖော်ပြထား၏။ သူတို့​သည် နှုတ်ကပတ်တော်​ကို မနာခံ​သောကြောင့် ထိမိ​၍​လဲကြ၏။ ဤ​ထိမိ​၍​လဲခြင်း​သည် သူတို့​အတွက် ကြိုတင်​သတ်မှတ်ထားသော​အရာ​ဖြစ်၏။