သူတို့က “အကျွန်ုပ်တို့ တတ်နိုင်ပါသည်” ဟု လျှောက်ကြ၏။ ထိုအခါ ယေရှုက “သင်တို့သည် ငါ့ခွက်ကို အမှန်သောက်ကြရမည်။ ငါခံယူရမည့်နှစ်ခြင်းမင်္ဂလာကိုလည်း ခံယူကြရမည်။
ရှင်ယောဟန် 13:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုက “သခင်… အဘယ်ကြောင့် အကျွန်ုပ် ယခုမလိုက်နိုင်ရပါသနည်း။ သခင့်အတွက် အသက်စွန့်ရန် အကျွန်ုပ်အသင့်ရှိနေပါသည်” ဟု လျှောက်၏။ Common Language Bible ပေတရုက ``သခင်၊ အဘယ်ကြောင့်ယခု အကျွန်ုပ်မလိုက်နိုင်ပါသနည်း။ ကိုယ်တော် ၏အတွက်အကျွန်ုပ်သည်အသက်ကိုပင်စွန့် ပါမည်'' ဟုလျှောက်၏။ Garrad Bible ပေတရုက အရှင်ဘုရား၊ အဘယ်ကြောင့်ယခုမလိုက်နိုင်ပါသနည်း။ တပည့်တော်သည် ကိုယ်တော့်အတွက် အသက်စွန့်ပါမည်ဟုလျှောက်သည့်ကာလ၊ Judson Bible ပေတရုကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဖို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ပေတရုကလည်း “သခင်ဘုရား၊ အဘယ်ကြောင့် ကိုယ်တော့်နောက်သို့ ယခုမလိုက်နိုင်ရသနည်း။ ကိုယ်တော်အတွက် အကျွန်ုပ်၏အသက်ကိုစွန့်ပါမည်”ဟု လျှောက်လေ၏။ မြန်မာ ပေတရုကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဖို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင်၊- |
သူတို့က “အကျွန်ုပ်တို့ တတ်နိုင်ပါသည်” ဟု လျှောက်ကြ၏။ ထိုအခါ ယေရှုက “သင်တို့သည် ငါ့ခွက်ကို အမှန်သောက်ကြရမည်။ ငါခံယူရမည့်နှစ်ခြင်းမင်္ဂလာကိုလည်း ခံယူကြရမည်။
နံနက်စာစားသောက်ကြပြီးနောက် ယေရှုက “ယောဟန်၏သားရှိမုန်… အခြားတပည့်တော်များ ငါ့ကို ချစ်သည်ထက် သင်သည် ငါ့ကို ပို၍ ချစ်သလော” ဟု ရှိမုန်ပေတရုကို မေးတော်မူ၏။ ပေတရုက “ချစ်ပါ၏ သခင်။ အကျွန်ုပ်သည် သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
သို့ရာတွင် ပေါလုက “သင်တို့သည် ငိုကြွေးလျက် ကျွန်ုပ်စိတ်နှလုံးကို ပူဆွေးဝမ်းနည်းစေရန် အဘယ်ကြောင့် ပြုကြသနည်း။ ကျွန်ုပ်သည် ဂျေရုဆလင်မြို့၌ ထောင်ကျခံရန်မျှသာမက သခင်ယေရှု၏အမည်နာမအတွက် အသေခံရန်ပင် အသင့်ရှိပါ၏” ဟု ပြန်ပြောလေ၏။