ရှိမုန်ပေတရုက “သခင်… အဘယ်အရပ်သို့ ကြွတော်မူမည်နည်း” ဟု မေးလျှောက်၏။ ယေရှုက “ငါသွားရာအရပ်သို့ ယခုသင်မလိုက်နိုင်။ နောက်မှ လိုက်ရလိမ့်မည်” ဟု ဖြေတော်မူ၏။
ရှင်ယောဟန် 13:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်သားတို့… ငါသည် သင်တို့နှင့်အတူ ခဏမျှသာနေရတော့မည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ သို့ရာတွင် ‘ငါသွားမည့်အရပ်သို့ သင်တို့လိုက်နိုင်ကြမည်မဟုတ်’ ဟု ဂျူးဘာသာရေးခေါင်းဆောင်တို့အား ငါပြောနှင့်ခဲ့ပြီးသည့်အတိုင်း သင်တို့အား ယခုငါပြော၏။ Common Language Bible ချစ်သားတို့၊ ငါသည်သင်တို့နှင့်အတူခဏမျှ သာနေရပေတော့အံ့။ သင်တို့သည်ငါ့ကိုရှာ ကြလိမ့်မည်။ `ငါသွားရာသို့သင်တို့မလိုက် နိုင်ကြ' ဟုယုဒအာဏာပိုင်တို့အားပြောခဲ့ သည်အတိုင်းသင်တို့အားလည်းယခုငါ ပြော၏။- Garrad Bible ချစ်သားတို့၊ ငါသည် သင်တို့နှင့်ခဏမျှဆက်လက်နေရ၏။ သင်တို့သည်ငါ့ကိုရှာကြသော်လည်း ယုဒလူမျိုးတို့အား ငါပြောခဲ့သည့်အတိုင်း၊ ငါသွားရာသို့သင်တို့မရောက်နိုင်ကြဟု သင်တို့အားငါဆို၏။ Judson Bible ချစ်သားတို့၊ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒလူတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။- မြန်မာ့စံမီသမ္မာကျမ်း ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ ခဏတာမျှသာ နေရတော့မည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့ရာတွင် ‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ဟု ဂျူးလူမျိုးတို့အား ငါပြောသကဲ့သို့ ယခု သင်တို့ကိုလည်း ငါပြော၏။ မြန်မာ ချစ်သားတို့၊ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒလူတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။- |
ရှိမုန်ပေတရုက “သခင်… အဘယ်အရပ်သို့ ကြွတော်မူမည်နည်း” ဟု မေးလျှောက်၏။ ယေရှုက “ငါသွားရာအရပ်သို့ ယခုသင်မလိုက်နိုင်။ နောက်မှ လိုက်ရလိမ့်မည်” ဟု ဖြေတော်မူ၏။
မကြာမီအချိန်တွင် လောကီသားတို့သည် ငါ့ကို မြင်ကြရတော့မည်မဟုတ်။ သို့သော် သင်တို့သည် ငါ့ကို မြင်ကြရလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။
ငါ့ခမည်းတော်၏ အိမ်တော်တွင် နေစရာအခန်းများစွာ ရှိ၏။ ထိုသို့ မရှိလျှင် ငါသည် သင်တို့နေရမည့်နေရာကို သွား၍ ပြင်ဆင်မည်ဟု ပြောမည်လော။
သူပြောဆိုသည့် ‘သင်တို့သည် ငါ့ကို ရှာသော်လည်း တွေ့ကြလိမ့်မည်မဟုတ်။ ငါသွားမည့် အရပ်သို့လည်း လိုက်နိုင်ကြမည်မဟုတ်’ ဟူသော စကားသည် မည်သည့်အဓိပ္ပာယ်ကို ဆိုလိုသနည်း” ဟု အချင်းချင်း ပြောဆိုကြ၏။
ကျွန်ုပ်ချစ်သော သားသမီးတို့… သင်တို့သည် ခရစ်တော်ကဲ့သို့ ဖြစ်မလာမီ အချိန်ထိ ကျွန်ုပ်သည် သင်တို့အတွက် သားဖွားသည့် ဝေဒနာကို ခံစားရသကဲ့သို့ ပြန်၍ ခံစားလျက် နေရ၏။
ကျွန်ုပ်၏သားသမီးတို့… သင်တို့ အပြစ်မကျူးလွန်စေရန် ဤအကြောင်းအရာများကို ကျွန်ုပ်ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်အပြစ်ကျူးလွန်လျှင် ခမည်းတော်ထံတွင် ကျွန်ုပ်တို့အတွက် ကူညီမစမည့်သူဖြစ်သည့် ဖြောင့်မတ်သောအရှင် ယေရှုခရစ်တော်ရှိ၏။
သားသမီးတို့… သင်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်၍ ထိုသူတို့ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်တော်သည် လောကီသားတို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်ထက် ပို၍ ကြီးမြတ်သောကြောင့် ဖြစ်၏။
ချစ်သောသားသမီးတို့… ရုပ်တုများကို ရှောင်ကြဉ်ကြလော့။ ရှင်ယောဟန်ဩဝါဒစာပထမစောင် ပြီးပါပြီ။