Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 13:33 - မြန်မာ

33 ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ရ၏။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု ယု​ဒ​လူ​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု​သင်​တို့​အား ငါ​ပြော၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ခ​ဏ​မျှ သာ​နေ​ရ​ပေ​တော့​အံ့။ သင်​တို့​သည်​ငါ့​ကို​ရှာ ကြ​လိမ့်​မည်။ `ငါ​သွား​ရာ​သို့​သင်​တို့​မ​လိုက် နိုင်​ကြ' ဟု​ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​ပြော​ခဲ့ သည်​အ​တိုင်း​သင်​တို့​အား​လည်း​ယ​ခု​ငါ ပြော​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ချစ်သားတို့၊ ငါသည် သင်တို့နှင့်ခဏမျှဆက်လက်နေရ၏။ သင်တို့သည်ငါ့ကိုရှာကြသော်လည်း ယုဒလူမျိုးတို့အား ငါပြောခဲ့သည့်အတိုင်း၊ ငါသွားရာသို့သင်တို့မရောက်နိုင်ကြဟု သင်တို့အားငါဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ရ၏။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု ယု​ဒ​လူ​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု​သင်​တို့​အား ငါ​ပြော၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ချစ်​သား​တို့၊ ငါ​သည် သင်​တို့​နှင့်အတူ ခဏတာ​မျှသာ နေ​ရ​တော့မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်မည်။ သို့ရာတွင် ‘ငါ​သွား​ရာ​အရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’​ဟု ဂျူး​လူမျိုး​တို့​အား ငါ​ပြော​သကဲ့သို့ ယခု သင်​တို့​ကို​လည်း ငါ​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 ချစ်သားတို့… ငါ​သည် သင်တို့​နှင့်အတူ ခဏမျှ​သာ​နေရတော့မည်။ သင်တို့​သည် ငါ့​ကို ရှာကြ​လိမ့်မည်။ သို့ရာတွင် ‘ငါ​သွားမည့်​အရပ်​သို့ သင်တို့​လိုက်နိုင်ကြမည်​မဟုတ်’ ဟု ဂျူး​ဘာသာရေး​ခေါင်းဆောင်တို့​အား ငါ​ပြောနှင့်ခဲ့ပြီးသည့်​အတိုင်း သင်တို့​အား ယခု​ငါ​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 13:33
13 ပူးပေါင်းရင်းမြစ်များ  

ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​လျှင်၊ ယေ​ရှု​က၊ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​သည်​ယ​ခု​မ​လိုက်​နိုင်။ နောက်​မှ​လိုက်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ခ​ဏ​ကြာ​ပြီး​မှ လော​ကီ​သား​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ သင်​တို့​မူ​ကား မြင်​ရ​ကြ​လိမ့်​မည်။ ငါ​သည် အ​သက်​ရှင်​သော​ကြောင့် သင်​တို့​သည်​လည်း အ​သက်​ရှင်​ရ​ကြ​လိမ့်​မည်။-


ငါ့​အ​ဘ၏​အိမ်​တော်၌ နေ​စ​ရာ​အ​ခန်း​အ​များ​ရှိ၏။ သို့​မ​ဟုတ်​လျှင် မ​ဟုတ်​ကြောင်း​ကို သင်​တို့​အား ငါ​မ​ပြော​ဘဲ​မ​နေ။ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ခြင်း​ငှာ ငါ​သွား​ရ၏။-


သင်​တို့​သည် ငါ့​ကို ရှာ​ကြ​လိမ့်​မည်။ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ငါ​ရှိ​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ ဟူ​သော​စ​ကား​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ချင်း​ချင်း​ဆို​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ