မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်နှင့် ယေရှုအား သစ္စာဖောက်သောယုဒရှကာရုတ်တို့ ဖြစ်ကြ၏။
ရှင်ယောဟန် 13:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဤမုန့်တစ်ဖဲ့ကို ပန်းကန်တွင် ငါနှစ်၍ ပေးမည့်သူသည် ထိုသူဖြစ်သည်” ဟု ဖြေတော်မူ၏။ ထို့နောက် ယေရှုသည် မုန့်တစ်ဖဲ့ကို ပန်းကန်တွင် နှစ်၍ ရှိမုန်ရှကာရုတ်၏သား ယုဒအား ပေးတော်မူ၏။ Common Language Bible သခင်ယေရှုက ``ဤမုန့်တစ်ဖဲ့ကိုဟင်းပန်း ကန်တွင်နှစ်၍ငါပေးသူသည်ထိုသူပင်ဖြစ် ၏'' ဟုမိန့်တော်မူ၏။ ထိုနောက်မုန့်တစ်ဖဲ့ကို ဟင်းပန်းကန်တွင်နှစ်ပြီးလျှင် ရှိမုန်ရှကာရုတ် ၏သားယုဒအားပေးတော်မူ၏။- Garrad Bible တစ်လုပ်စာနှစ်၍ ငါပေးမည့်သူဖြစ်သည်ဟုမိန့်တော်မူလျက် ရှိမုန်ဣရှကာရုတ်၏သား ယုဒကိုပေးတော်မူ၏။ Judson Bible ယေရှုကလည်း၊ ဤမုန့်တစ်လုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တစ်လုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သားယုဒရှကာရုတ်အား ပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ထိုသူကား မုန့်တစ်ဖဲ့ကိုငါနှစ်၍ ပေးသောသူဖြစ်၏”ဟု ပြန်၍မိန့်တော်မူပြီးလျှင် မုန့်တစ်ဖဲ့ကိုနှစ်ပြီးမှ ၎င်းကိုယူ၍ ရှိမုန်၏သား ယုဒဣရှကာရုတ်အား ပေးတော်မူ၏။ မြန်မာ ယေရှုကလည်း၊ ဤမုန့်တစ်လုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တစ်လုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သားယုဒရှကာရုတ်အား ပေးတော်မူ၏။- |
မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်နှင့် ယေရှုအား သစ္စာဖောက်သောယုဒရှကာရုတ်တို့ ဖြစ်ကြ၏။
ထို့နောက် တပည့်တော်ဆယ့်နှစ်ပါးတွင် တစ်ပါးဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံသို့ သွားရောက်ပြီးလျှင်
ယေရှုက “ငါ့နှင့်အတူ ပန်းကန်တွင် မုန့်ကို တို့စားသောသူသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်။
မုန့်တစ်ဖဲ့ကို စားပြီးလျှင် ယုဒသည် ချက်ချင်းထွက်သွားလေ၏။ သူထွက်သွားသောအချိန်သည် ညအချိန်ဖြစ်၏။