နောက်ဆုံးတွင် ထိုဆင်းရဲသားကွယ်လွန်သဖြင့် ကောင်းကင်တမန်များက အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးကြီးသည်လည်း ကွယ်လွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရ၏။
ရှင်ယောဟန် 13:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုချစ်တော်မူသောတပည့်တော်သည် ကိုယ်တော်၏နံဘေး၌ မှီလျက်နေ၏။ Common Language Bible ထိုအခါသခင်ယေရှုချစ်တော်မူသော တပည့်တော်သည် ကိုယ်တော်၏လက်ယာတော် ဘက်တွင်ထိုင်လျက်နေ၏။- Garrad Bible ထိုအခါ ယေရှုချစ်တော်မူ၍ ရင်ခွင်တော်၌လျောင်းနေသောတပည့်တော်တစ်ပါးအား၊ Judson Bible ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊- မြန်မာ့စံမီသမ္မာကျမ်း တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သည့် ယေရှုချစ်တော်မူသောသူသည် ကိုယ်တော်၏ရင်ခွင်တော်နားမှာ ထိုင်လျက်နေသဖြင့် မြန်မာ ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊- |
နောက်ဆုံးတွင် ထိုဆင်းရဲသားကွယ်လွန်သဖြင့် ကောင်းကင်တမန်များက အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးကြီးသည်လည်း ကွယ်လွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရ၏။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
ထိုညီအစ်မနှစ်ဦးက “သခင်… သခင်ချစ်တော်မူသောသူသည် အပြင်းဖျားလျက်ရှိပါ၏” ဟု ယေရှုထံတော်သို့ သတင်းပို့ကြ၏။
အနီးတွင်ရပ်နေသောဂျူးလူမျိုးတို့က “ကြည့်ပါ။ သူသည် လာဇရုကို အလွန်ချစ်၏” ဟု ပြောဆိုကြ၏။
ထို့ကြောင့် ရှိမုန်ပေတရုက ထိုတပည့်တော်ကို မျက်ရိပ်ပြ၍ “သခင်သည် မည်သူကို ရည်ညွှန်းတော်မူသနည်း” ဟု မေးလျှောက်စေ၏။
ထိုတပည့်တော်သည် ယေရှုပေါ်သို့ မှီ၍ “သခင်… ထိုသူသည် မည်သူနည်း” ဟု မေးလျှောက်၏။
ထိုအခါ ယေရှုသည် မယ်တော်နှင့် မယ်တော်၏အနီးတွင် မိမိချစ်တော်မူသောတပည့်တော်ရပ်နေသည်ကို တွေ့မြင်တော်မူသောအခါ “မယ်တော်… ဤသူသည် သင်၏သားပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူသည် ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသည့် အခြားသောတပည့်တော်ထံသို့ ပြေး၍ “သူတို့သည် သခင့်အလောင်းတော်ကို သင်္ချိုင်းဂူမှ သယ်ယူသွားကြ၏။ မည်သည့်နေရာ၌ ထားကြသည်ကို မသိပါ” ဟု ဆိုလေ၏။
ပေတရုသည် လှည့်၍ ကြည့်သောအခါ ယေရှုချစ်တော်မူသောတပည့်တော်သည် နောက်မှ လိုက်လာသည်ကို မြင်၏။ ထိုတပည့်တော်မှာ ညစာစားသောက်ခဲ့ကြစဉ်က ယေရှုပေါ်သို့ မှီ၍ “သခင်… သခင့်ကို သစ္စာဖောက်မည့်သူသည် မည်သူနည်း” ဟု မေးခဲ့သောသူဖြစ်၏။
ထိုတပည့်တော်မှာ ဤအဖြစ်အပျက်များကို သက်သေခံ၍ မှတ်တမ်းတင်ရေးသားသူပင် ဖြစ်၏။ သူ၏ရေးသားချက်များမှန်ကန်ကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။
ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က “ငါတို့၏ သခင်ပင်ဖြစ်သည်” ဟု ပေတရုအား ဆို၏။ ထိုစကားကို ကြားသောအခါ ပေတရုသည် မိမိချွတ်ထားသောအဝတ်ကို ခါး၌ ပတ်၍ ရေထဲသို့ ခုန်ဆင်းပြီးလျှင် ကမ်းစပ်သို့ ကူးလေ၏။