ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ရှင်ယောဟန် 12:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘အို အဖ… အဖ၏နာမတော်ကို ဘုန်းကြီးစေတော်မူပါ’ ” ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ ကောင်းကင်မှ “ငါ၏နာမတော်ကို ဘုန်းကြီးစေပြီ။ ထပ်မံ၍လည်း ဘုန်းကြီးစေဦးမည်” ဟူသော အသံတော်ထွက်ပေါ်လာ၏။ Common Language Bible အို ခမည်းတော်၊ ကိုယ်တော်ရှင်၏နာမတော် အားဘုန်းအသရေထွန်းတောက်စေတော်မူ ပါ'' ဟုမြွက်ဆိုတော်မူ၏။ ထိုအခါကောင်းကင်မှ ``ငါသည်နာမတော် ကိုဘုန်းအသရေထွန်းတောက်စေပြီ။ နောက် တစ်ဖန်လည်းထွန်းတောက်စေဦးမည်'' ဟုအသံ တော်ပေါ်ထွက်လာ၏။ Garrad Bible အိုအဘ၊ နာမတော့်ဂုဏ်ကိုထင်ရှားစေတော်မူပါဟု လျှောက်ဆိုသော် ငါထင်ရှားစေခဲ့ပြီ။ တစ်ဖန် ထင်ရှားစေဦးမည်ဟု ကောင်းကင်မှဗျာဒိတ်တော်သံရောက်လာ၏။ Judson Bible အို အဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တစ်ဖန် ချီးမြှောက်ဦးမည်ဟုလာ၏။- မြန်မာ့စံမီသမ္မာကျမ်း ‘အို အဖ၊ ကိုယ်တော်၏နာမတော်အား ဘုန်းတော်ထင်ရှားစေတော်မူပါ’”ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ “ငါသည် ဘုန်းတော်ထင်ရှားစေခဲ့ပြီ။ နောက်တစ်ဖန်လည်း ထင်ရှားစေဦးမည်”ဟု ကောင်းကင်မှအသံတော်လာ၏။ မြန်မာ အို အဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တစ်ဖန် ချီးမြှောက်ဦးမည်ဟုလာ၏။- |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
တစ်ဖန် ယေရှုသည် ဒုတိယအကြိမ်ကြွတော်မူ၍ “အကျွန်ုပ်၏အဖ… ဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်မသောက်ဘဲ ဖယ်ရှားရန် မဖြစ်နိုင်ပါက အဖ၏အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုအခါ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုစဉ် မိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် ယေရှုအပေါ်ဆင်းသက်၍ နားတော်မူ၏။ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထို့နောက် မိုးတိမ်ထဲက “ဤသူသည် ငါရွေးချယ်သော ငါ၏ချစ်သားဖြစ်၏။ သူ၏စကားတော်ကို နားထောင်ကြ” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုသတင်းကို ယေရှု ကြားတော်မူသောအခါ “ဤဖျားနာခြင်းသည် သေစေမည့်ဖျားနာခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည့် ဖျားနာခြင်းဖြစ်၏။ ဤဖျားနာခြင်းကြောင့် ဘုရားသခင်၏သားတော်သည်လည်း ဘုန်းတော်ထင်ရှားလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုက ပေတရုအား “ဓားကို ဓားအိမ်၌ ပြန်ထည့်လော့။ ခမည်းတော်ပေးတော်မူသောဒုက္ခဝေဒနာခွက်ကို ငါမသောက်ဘဲ နေရမည်လော” ဟု မိန့်တော်မူ၏။
ယေရှုက “သူ၏အပြစ်ကြောင့် မဟုတ်။ မိဘများ၏ အပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏တန်ခိုးတော် သူ့အပေါ်ထင်ရှားစေရန်ဖြစ်၏။
ဤသည်မှာ ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အပေါ် ကျေးဇူးပြု၍ သာလွန်ထူးကဲသော ကျေးဇူးတော်၏ကြွယ်ဝခြင်းကို အနာဂတ်အစဉ်အဆက်တွင် ဖော်ပြရန် ဖြစ်၏။
ဤသို့ပြုခြင်းသည် ကောင်းကင်အရပ်ရှိ အုပ်ချုပ်သူများနှင့် အာဏာရှိသူများက အဘက်ဘက်၌ ပြည့်စုံသော ဘုရားသခင်၏ ပညာတော်ကို အသင်းတော်မှတစ်ဆင့် သိမြင်လာကြစေရန် ဖြစ်၏။
အသင်းတော်၌ မြင်တွေ့ရသော သူ၏ ကြီးမြတ်မှုကြောင့်လည်းကောင်း၊ ယေရှုခရစ်တော်လုပ်ဆောင်သောအမှုကြောင့်လည်းကောင်း ကမ္ဘာအဆက်ဆက် ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
ကိုယ်တော်သည် ခမည်းတော်ဘုရားသခင်ထံမှ ဂုဏ်အသရေနှင့် ဘုန်းအသရေကို ခံယူတော်မူခဲ့၏။ ထိုစဉ် ဘုရားသခင်၏ ကြီးမြတ်သောဘုန်းတော်ထံမှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏” ဟူသော အသံတော်သည် ထွက်ပေါ်လာ၏။