ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ဗေသနိရွာသို့ ကြွကာ ထိုရွာ၌ တစ်ညတာတည်းခိုတော်မူ၏။
ရှင်ယောဟန် 12:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပသခါပွဲတော် မကျင်းပမီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ ကြွတော်မူ၏။ ထိုရွာမှာ ယေရှုကိုယ်တိုင် သေရာမှပြန်ရှင်စေတော်မူခဲ့သော လာဇရု နေထိုင်သည့်ရွာ ဖြစ်၏။ Common Language Bible ပသခါပွဲတော်ကျရောက်ရန်ခြောက်ရက်မျှ အလို၌ သေလွန်ပြီးမှပြန်၍အသက်ရှင် စေတော်မူခဲ့သူ လာဇရုနေထိုင်ရာဗေသနိ ရွာသို့သခင်ယေရှုကြွတော်မူ၏။- Garrad Bible ပသခါပွဲမတိုင်မီခြောက်ရက်က ယေရှုသည် သူသေတို့အထဲမှရှင်ပြန်ထမြောက်စေသူ လာဇရုနေရာ ဗေသနိရွာသို့ကြွရောက်တော်မူပြီးလျှင်၊ Judson Bible ပသခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ပသခါပွဲတော်မတိုင်မီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ကြွတော်မူ၏။ ထိုရွာသည် သေသောသူတို့ထဲမှ ယေရှုထမြောက်စေခဲ့သော လာဇရုနေထိုင်ရာအရပ်ဖြစ်၏။ မြန်မာ ပသခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။- |
ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ဗေသနိရွာသို့ ကြွကာ ထိုရွာ၌ တစ်ညတာတည်းခိုတော်မူ၏။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ကြွ၍ ဗိမာန်တော်သို့ ဝင်တော်မူလျက် ရှိသမျှအရာတို့ကို ကြည့်ရှုတော်မူ၏။ ထို့နောက် ညနေပိုင်းအချိန်ရောက်သဖြင့် တပည့်တော်ဆယ့်နှစ်ပါးနှင့်အတူ ဗေသနိရွာသို့ ကြွတော်မူ၏။
ထို့နောက် ယေရှုသည် တပည့်တော်တို့အား ဗေသနိရွာထိတိုင် ခေါ်ဆောင်သွားပြီးလျှင် လက်တော်ကိုမြှောက်၍ ကောင်းချီးပေးတော်မူ၏။
ယေရှုသည် ဖာရိရှဲအိမ်၌ စားသောက်နေကြောင်းကို ထိုမြို့ရှိ အပြစ်များသော အမျိုးသမီးတစ်ဦးသည် သိရှိလျှင် ဆီမွှေးထည့်ထားသောကျောက်ဖြူဘူးတစ်လုံးကို ယူခဲ့လေ၏။
လာဇရုအမည်ရှိသော လူတစ်ဦးသည် ဖျားနာလျက်ရှိ၏။ သူသည် မာရိနှင့် မာသဟု ခေါ်သော သူ၏ အစ်မနှစ်ဦးတို့နှင့်အတူ ဗေသနိရွာတွင်နေထိုင်၏။
လာဇရုသည်လည်း ခြေလက်တို့၌ ပိတ်စဖြင့် ရစ်ပတ်လျက် မျက်နှာကိုလည်း ပဝါနှင့် စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက “သူ့ကို ပတ်ထားသောအဝတ်များကို ဖြေပေး၍ လွှတ်ကြလော့” ဟု မိန့်တော်မူ၏။
ဂျူးလူမျိုးတို့၏ ပသခါပွဲတော် နီးလာသဖြင့် ကျေးရွာအသီးသီးမှ လူများစွာတို့သည် သန့်ရှင်းစင်ကြယ်ခြင်းအမှုကို ပြုရန် ပွဲတော်မစမီ ဂျေရုဆလင်မြို့သို့ ကြိုတင်ရောက်လာကြ၏။
နောက်တစ်နေ့တွင် ပသခါပွဲတော်သို့ ရောက်လာသောလူအုပ်ကြီးသည် ဂျေရုဆလင်မြို့သို့ ယေရှုကြွလာမည်ဟူသော သတင်းကို ကြားသဖြင့်
ပသခါပွဲတော်တွင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် ဂျေရုဆလင်မြို့သို့ လာကြသောသူတို့ထဲ၌ ဂရိလူမျိုးတချို့ပါ၏။
ယေရှုကြွရောက်လာတော်မူသည့် သတင်းကို ကြားသောအခါ ဂျူးလူမျိုးများစွာသည် ကိုယ်တော်ကိုသာ မဟုတ်၊ ကိုယ်တော်က သေရာမှပြန်ရှင်စေတော်မူခဲ့သော လာဇရုကိုပါ တွေ့မြင်လိုကြသဖြင့် ရောက်လာကြ၏။