ငါလုပ်ဆောင်ပါက ငါ့ကို မယုံသော်လည်း ငါလုပ်ဆောင်ခဲ့သောအမှုတော်တို့ကို ယုံလော့။ ထိုသို့ ယုံကြည်လျှင် ခမည်းတော်သည် ငါ၌ တည်တော်မူသည်ကိုလည်းကောင်း၊ ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 11:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသတင်းကို ယေရှု ကြားတော်မူသောအခါ “ဤဖျားနာခြင်းသည် သေစေမည့်ဖျားနာခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည့် ဖျားနာခြင်းဖြစ်၏။ ဤဖျားနာခြင်းကြောင့် ဘုရားသခင်၏သားတော်သည်လည်း ဘုန်းတော်ထင်ရှားလိမ့်မည်” ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က ``ဤရောဂါသည်သေစေမည့် ရောဂါမဟုတ်။ ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုထွန်းတောက်စေမည့်ရောဂါဖြစ်၏။ ထိုရောဂါအားဖြင့်ဘုရားသခင်၏သား တော်သည်လည်းဘုန်းအသရေထွန်းတောက် အံ့'' ဟုမိန့်တော်မူ၏။ Garrad Bible ယေရှုကြားတော်မူသော် ဤရောဂါသည် သေခြင်းအလို့ငှါမဟုတ်။ ဘုရားသခင့်သားတော်၏ဘုန်းထင်ရှားစေရန် ဘုရားသခင့်ဘုန်းတော်အဖို့ဖြစ်သည်ဟု မိန့်တော်မူ၏။ Judson Bible ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသောအနာ ဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်းရှိလိမ့်မည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ထိုအကြောင်းကိုကြားလျှင်“ဤနာမကျန်းဖြစ်ခြင်းသည် သေခြင်းသို့ရောက်စေရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်အတွက်ဖြစ်ပြီး ဘုရားသခင်၏သားတော်သည် ထိုအခြင်းအရာအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိစေရန်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။ မြန်မာ ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသောအနာ ဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်းရှိလိမ့်မည်ဟု မိန့်တော်မူ၏။- |
ငါလုပ်ဆောင်ပါက ငါ့ကို မယုံသော်လည်း ငါလုပ်ဆောင်ခဲ့သောအမှုတော်တို့ကို ယုံလော့။ ထိုသို့ ယုံကြည်လျှင် ခမည်းတော်သည် ငါ၌ တည်တော်မူသည်ကိုလည်းကောင်း၊ ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုက “သင်ယုံကြည်လျှင် ဘုရားသခင်၏ ဘုန်းတော်ကို မြင်ရမည်ဟု သင့်အား ငါပြောခဲ့ပြီ မဟုတ်လော” ဟု မာသကို မိန့်တော်မူ၏။
‘အို အဖ… အဖ၏နာမတော်ကို ဘုန်းကြီးစေတော်မူပါ’ ” ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ ကောင်းကင်မှ “ငါ၏နာမတော်ကို ဘုန်းကြီးစေပြီ။ ထပ်မံ၍လည်း ဘုန်းကြီးစေဦးမည်” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ ယေရှုသည် ကောင်းကင်သို့ မျှော်ကြည့်လျက် “အို အဖ… အချိန်ကျပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေနိုင်ရန် ကိုယ်တော်သည် သားတော်၏ဘုန်းကို ထင်ရှားစေတော်မူပါ။
အကျွန်ုပ်ပိုင်သောသူ ရှိသမျှတို့ကို ကိုယ်တော်ပိုင်တော်မူ၍ ကိုယ်တော်ပိုင်တော်မူသောအရာ မှန်သမျှတို့ကိုလည်း အကျွန်ုပ်ပိုင်ပါ၏။ ထို့ကြောင့် ထိုအရာများအားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။
အို အဖ… ကမ္ဘာမတည်ရှိမီက ကိုယ်တော်နှင့်အတူ အကျွန်ုပ်ရရှိသော ဘုန်းအသရေဖြင့် အကျွန်ုပ်ကို ရှေ့တော်၌ ယခုဘုန်းကြီးစေတော်မူပါ။
ဤသို့ဖြင့် ယေရှုသည် ပထမဦးဆုံးသောနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြုတော်မူလျက် မိမိဘုန်းတော်ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ယုံကြည်ကြ၏။
ယေရှုက “ငါသည် ကိုယ့်ကိုယ်ကိုယ် ဘုန်းကြီးစေလျှင် ငါ့ဘုန်းသည် အချည်းနှီးဖြစ်၏။ ငါ့ကို ဘုန်းကြီးစေသောအရှင်သည် ငါ့ခမည်းတော်ဖြစ်၏။ သင်တို့က ထိုအရှင်ကို ‘ငါတို့၏ ဘုရားသခင်’ ဟု ဆိုကြ၏။
ထို့ကြောင့် သူတို့သည် မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ် ခေါ်၍ “ဤအရာအတွက် ဘုရားသခင်ရှေ့တော်တွင် အမှန်အတိုင်း ပြောလော့။ ထိုယေရှုသည် အပြစ်သားဖြစ်ကြောင်း ငါတို့သိကြ၏” ဟု ဆိုကြ၏။
ယေရှုက “သူ၏အပြစ်ကြောင့် မဟုတ်။ မိဘများ၏ အပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏တန်ခိုးတော် သူ့အပေါ်ထင်ရှားစေရန်ဖြစ်၏။
သို့ဖြစ်လျှင် ဘုရားသခင်၏ လူမျိုးတော်တို့သည် တိုက်မိ၍ လဲပြီလောဟု မေးသော် ထိုသို့မလဲကြ။ အစ္စရေးလူမျိုးတို့ မနာခံသောကြောင့် ဘုရားသခင်သည် ကယ်တင်ခြင်းကို လူမျိုးခြားတို့အား ပေးတော်မူ၏။ ထိုသို့ပြုတော်မူသည်မှာ မိမိလူမျိုးဖြစ်သော အစ္စရေးလူမျိုးတို့၌ သဝန်တိုစိတ်ရှိလာစေရန် ဖြစ်၏။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
ကျွန်ုပ်သည် မည်သည့်အခါမျှ မရှက်ကြောက်ဘဲ ယခင်ကကဲ့သို့ ယခုအချိန်တွင်လည်း အစဉ်ရဲရင့်နိုင်မည်ဟု အပြည့်အဝယုံကြည်၍ မျှော်လင့်ပါ၏။ ကျွန်ုပ်အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်ုပ်ပြောဆိုပြုမူသောအရာများကြောင့် ခရစ်တော်သည် ချီးမွမ်းခံရမည်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးတော်မူသော ဘုရားသခင်ကို သင်တို့သည် ခရစ်တော်အားဖြင့်ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်၍ မျှော်လင့်ကြ၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ဟောပြောရမည်။ အစေခံသောသူသည် ဘုရားသခင်ပေးတော်မူသော ခွန်အားရှိသည့်အတိုင်း အစေခံရမည်။ ဤသည်မှာ ပြုလေသမျှတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားရန်ဖြစ်၏။ ဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ပြည့်စုံတော်မူ၏။ အာမင်။
သင်တို့သည် ခရစ်တော်၏တပည့်တော်များဖြစ်သောကြောင့် ကဲ့ရဲ့ခံရလျှင် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူသောကြောင့်ဖြစ်၏။