ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ဗေသနိရွာသို့ ကြွကာ ထိုရွာ၌ တစ်ညတာတည်းခိုတော်မူ၏။
ရှင်ယောဟန် 11:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဗေသနိရွာသည် ဂျေရုဆလင်မြို့နှင့် နှစ်မိုင်ခန့်သာ ကွာဝေး၏။ Common Language Bible ဗေသနိရွာသည်ယေရုရှလင်မြို့နှင့်နှစ် မိုင်ပင်မဝေးချေ။ Garrad Bible ဗေသနိရွာသည် ယေရုရှလင်မြို့အနီး ခရီးတစ်တိုင်ခန့်မျှကွာသည်ဖြစ်၍၊ Judson Bible ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တစ်တိုင်လောက်သာ ကွာဝေးသည်ဖြစ်၍၊- မြန်မာ့စံမီသမ္မာကျမ်း ဗေသနိရွာသည် ဂျေရုဆလင်မြို့အနီး နှစ်မိုင်ခန့်အကွာ၌ရှိသည်ဖြစ်၍ မြန်မာ ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တစ်တိုင်လောက်သာ ကွာဝေးသည်ဖြစ်၍၊- |
ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ဗေသနိရွာသို့ ကြွကာ ထိုရွာ၌ တစ်ညတာတည်းခိုတော်မူ၏။
ထိုနေ့တွင်ပင် တပည့်တော်နှစ်ဦးသည် ဂျေရုဆလင်မြို့နှင့် ခုနစ်မိုင်ခန့်ဝေးသည့် ဧမောက်ဟု ခေါ်သောရွာသို့ သွားကြ၏။
လာဇရုအမည်ရှိသော လူတစ်ဦးသည် ဖျားနာလျက်ရှိ၏။ သူသည် မာရိနှင့် မာသဟု ခေါ်သော သူ၏ အစ်မနှစ်ဦးတို့နှင့်အတူ ဗေသနိရွာတွင်နေထိုင်၏။
သုံးလေးမိုင်ခန့် လှော်ခတ်ပြီးသောအခါ ယေရှုသည် ရေပေါ်တွင် လမ်းလျှောက်လျက် လှေရှိရာသို့ ကြွလာသည်ကို သူတို့ မြင်၍ ကြောက်လန့်ကြကုန်၏။
ထိုစပျစ်သီးများကို မြို့ပြင်တွင်ရှိသော စပျစ်သီးနယ်သည့်ကျင်း၌ နယ်၏။ ထိုစပျစ်သီးနယ်ရာကျင်းမှ စီးထွက်လာသော ထိုသွေးချောင်းသည် အနက်ငါးပေခန့် ရှိပြီး အလျားတစ်ရာရှစ်ဆယ့်လေးမိုင်ခန့်ရှိ၏။
မြို့သည် စတုရန်းပုံသဏ္ဌာန်ရှိ၍ အလျားနှင့်အနံသည် တူညီ၏။ ထိုကောင်းကင်တမန်သည် မြို့ကို ရွှေကျူရိုးဖြင့် တိုင်းထွာရာ အလျား၊ အနံနှင့် အမြင့်တို့မှာ မိုင်တစ်ထောင့်လေးရာခန့် အသီးသီးကျယ်ဝန်းသည်ကို တွေ့ရ၏။