ရှိသောသူတို့အား များစွာထပ်၍ ပေးတော်မူသဖြင့် သူတို့သည် ကြွယ်ဝကြလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ရှိသောအရာကိုပင် သိမ်းယူတော်မူလိမ့်မည်။
ရှင်မာကု 8:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ဖန် ယေရှုသည် ထိုသူ၏ မျက်စိပေါ်သို့ လက်တော်ကို တင်တော်မူ၏။ ထိုအခါ သူသည် အကောင်းပကတိအတိုင်းပြန်ဖြစ်၍ အရာအားလုံးကို ရှင်းလင်းစွာ မြင်လေ၏။ Common Language Bible ထိုအခါကိုယ်တော်သည် ထိုသူ၏မျက်စိများ အပေါ်၌လက်တော်ကိုတင်တော်မူပြန်၏။ ယခု အကြိမ်၌ထိုသူသည်အားစိုက်၍ကြည့်လိုက်ရာ မျက်စိအလင်းကိုပြန်လည်ရရှိသဖြင့် အရာ ခပ်သိမ်းကိုရှင်းလင်းစွာမြင်လေ၏။- Garrad Bible တစ် ဖန် မျက် စိ များ ပေါ် တွင် လက် တင် တော် မူ သော် မျက် မ မြင် သူ စေ့ စေ့ ကြည့် လျက် စ က္ခု အာ ရုံ ပြန် ရ သ ဖြင့် အ ရာ ခပ် သိမ်း ကို ကြည် လင် စွာ မြင် ၏။ Judson Bible နောက်တစ်ဖန် သူ၏မျက်စိပေါ်မှာ လက်တော်ကိုတင်၍ ကြည့်မျှော်စေတော်မူလျှင်၊ သူသည် ပကတိအဖြစ်သို့ ရောက်၍ အလုံးစုံတို့ကို ရှင်းလင်းစွာမြင်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် သူ၏မျက်စိပေါ်သို့ လက်တော်ကို တစ်ဖန်တင်တော်မူ၏။ ထိုအခါ သူသည် ရှင်းလင်းစွာမြင်ရ၍ အကောင်းပကတိဖြစ်လာ၏။ အလုံးစုံကိုလည်း ကြည်လင်စွာမြင်ရလေ၏။ မြန်မာ နောက်တစ်ဖန် သူ၏မျက်စိပေါ်မှာ လက်တော်ကိုတင်၍ ကြည့်မျှော်စေတော်မူလျှင်၊ သူသည် ပကတိအဖြစ်သို့ ရောက်၍ အလုံးစုံတို့ကို ရှင်းလင်းစွာမြင်လေ၏။- |
ရှိသောသူတို့အား များစွာထပ်၍ ပေးတော်မူသဖြင့် သူတို့သည် ကြွယ်ဝကြလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ရှိသောအရာကိုပင် သိမ်းယူတော်မူလိမ့်မည်။
သူသည် မော့ကြည့်၍ “လူများကို မြင်ပါ၏။ သို့သော် ရှင်းလင်းစွာ မမြင်ရပါ။ သူတို့သည် သစ်ပင်များ လမ်းလျှောက်နေသကဲ့သို့ ဖြစ်နေပါသည်” ဟု လျှောက်၏။
ထို့နောက် ကိုယ်တော်သည် ထိုသူအား “ရွာထဲသို့ မဝင်နှင့်” ဟု မှာကြား၍ အိမ်သို့ ပြန်စေတော်မူ၏။
ထိုသို့ ကောင်းကင်သို့ ကိုယ်တော်ကြွမြန်းတော်မူသည်ကို တမန်တော်တို့သည် မျှော်ကြည့်နေစဉ် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသောလူနှစ်ဦးသည် ရုတ်တရက်ပေါ်လာ၍ သူတို့အနီးတွင် ရပ်လေ၏။
ထိုသူသည် ထိုင်လျက် ပေါလုဟောပြောသည်ကို နားထောင်နေ၏။ ပေါလုသည် ထိုသူကို သေချာစွာ ကြည့်လျှင် သူ့ထံ၌ အကောင်းပကတိအတိုင်းဖြစ်ရန် ယုံကြည်ခြင်းရှိသည်ကို တွေ့မြင်သဖြင့်
သင်တို့အထဲတွင် ကောင်းသောအမှုကို စတင်ဆောင်ရွက်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော် ပြန်ကြွလာသည့် နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်သည်အထိ ဆက်၍ ပြုတော်မူမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။
ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်း၌လည်းကောင်း၊ ကျေးဇူးတော်၌လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်သည် ယခုမှစ၍ ထာဝရကာလပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။