အဘယ်ကြောင့်ဆိုသော် သူတို့သည် မုန့်နှင့်ပတ်သက်၍ ပြသောအံ့ဖွယ်တန်ခိုးကို နားမလည်ကြသောကြောင့် ဖြစ်၏။ ခံယူနိုင်ရန်လည်း သူတို့သည် ခေါင်းမာကြ၏။
ရှင်မာကု 8:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကိုယ်တော်က “ထိုသို့ဖြစ်သည့်တိုင် နားမလည်ကြသေးသလော” ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က ``သို့ဖြစ်ပါလျက်သင်တို့သည် ယခု တိုင်အောင်မသိနားမလည်ဘဲရှိနေကြသေး သလော'' ဟုမေးတော်မူ၏။ Garrad Bible ယ ခု တိုင် နား မ လည် ကြ လော ဟု မိန့် တော် မူ ၏။ Judson Bible သို့ဖြစ်လျှင်၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ကိုယ်တော်က“သင်တို့နားမလည်ကြသေးသလော”ဟု မိန့်တော်မူ၏။ မြန်မာ သို့ဖြစ်လျှင်၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။ |
အဘယ်ကြောင့်ဆိုသော် သူတို့သည် မုန့်နှင့်ပတ်သက်၍ ပြသောအံ့ဖွယ်တန်ခိုးကို နားမလည်ကြသောကြောင့် ဖြစ်၏။ ခံယူနိုင်ရန်လည်း သူတို့သည် ခေါင်းမာကြ၏။
ထိုအခါ ကိုယ်တော်သည် စိတ်တော်မချမ်းမသာဖြစ်လျက် သက်ပြင်းချတော်မူပြီးလျှင် “ဤမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာကို တောင်းကြသနည်း။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်” ဟု မိန့်တော်မူ၏။
ထိုသို့ပြောဆိုနေကြသည်ကို ယေရှုသိတော်မူသဖြင့် “သင်တို့သည် စားစရာမပါသည့်အကြောင်းကို အဘယ်ကြောင့်ပြောဆိုနေကြသနည်း။ ယခုတိုင်အောင် မသိနားမလည်နိုင်ကြသေးသလော။ သင်တို့သည် မခံယူနိုင်အောင် အလွန်ခေါင်းမာကြသလော။
ယေရှုနှင့် တပည့်တော်တို့သည် ဗက်ဇဲဒမြို့သို့ ရောက်ကြ၏။ ထိုအခါ လူတချို့သည် မျက်မမြင်တစ်ဦးကို ယေရှုထံတော်သို့ ခေါ်ဆောင်ခဲ့ပြီးလျှင် လက်တော်နှင့် တို့ထိ၍ မျက်စိပြန်မြင်စေရန် တောင်းပန်ကြ၏။
ယေရှုက တပည့်တော်တို့အား “အို ယုံကြည်ခြင်းမရှိသောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
ယေရှုက “ဖိလိပ္ပု… ငါသည် သင်နှင့်အတူ အမြဲရှိနေခဲ့ပါလျက်နှင့် ငါမည်သူဖြစ်သည်ကို ယခုတိုင်အောင် မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင် သင်သည် ခမည်းတော်ကို အကျွန်ုပ်တို့အား ပြပါဟု အဘယ်ကြောင့်ဆိုသနည်း။
အမြင်မှန်ရကြလော့။ ဆက်၍ အပြစ်မပြုနှင့်။ သင်တို့ထဲမှ တချို့သည် ဘုရားသခင်ကို လုံးဝမသိကြ။ သင်တို့အရှက်ရစေရန် ဤသို့ ကျွန်ုပ်ပြော၏။
ဤသို့ ကျွန်ုပ်ပြောရခြင်းမှာ သင်တို့ရှက်တတ်စေရန်ဖြစ်၏။ သင်တို့တွင် ယုံကြည်သူအချင်းချင်းကြား ဤသို့သော အမှုကိစ္စများကို စီရင်ဆုံးဖြတ်နိုင်သည့် ပညာရှင်တစ်ဦးတစ်ယောက်မျှ မရှိသလော။