ထိုသူတို့ ထွက်ခွာသွားကြပြီးနောက် လူတချို့သည် နတ်ဆိုးပူးသော ဆွံ့အသူတစ်ဦးကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။
ရှင်မာကု 7:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် အလွန်အမင်း အံ့အားသင့်လျက် “ထိုအရှင်ပြုသမျှသည် အံ့ဖွယ်ဖြစ်၏။ နားမကြားသူကို ကြားစေ၍ ဆွံ့အသူကို စကားပြောစေတော်မူပြီ” ဟု ဆိုကြ၏။ Common Language Bible ထိုအဖြစ်အပျက်အကြောင်းကိုကြားရသည့် လူအပေါင်းတို့သည်လွန်မင်းစွာအံ့သြကြ လျက် ``ကိုယ်တော်သည်ခပ်သိမ်းသောအမှုတို့ ကိုလျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသူတို့ ကိုကြားစေတော်မူပြီ။ ဆွံ့အသူတို့ကိုစကား ပြောစေတော်မူပြီ'' ဟုပြောဆိုကြ၏။ Garrad Bible ထို သူ တို့ လည်း အ တိုင်း ထက် အ လွန် အံ့ သြ၍ အ ရာ ခပ် သိမ်း ကို ကောင်း မွန် စွာ ပြု လေ ပြီ။ သူ ပင်း သူ အ တို့ ပင် ကြား နာ ပြော ဆို နိုင် အောင် ပြု လေ ပြီ တ ကား ဟု ဆို ကြ၏။ Judson Bible အတိုင်းထက်အလွန် မိန်းမောတွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာ ပြုတော်မူပြီ။ နားပင်းသောသူတို့ကို ကြားစေတော်မူပြီ။ အသောသူတို့ကို စကားပြောစေတော်မူပြီဟု ဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် အတိုင်းထက်အလွန်အံ့အားသင့်လျက် “ကိုယ်တော်သည် အလုံးစုံတို့ကို လျောက်ပတ်စွာပြုတော်မူပြီ။ နားမကြားသောသူကို ကြားစေတော်မူ၍ ဆွံ့အသောသူကိုစကားပြောစေတော်မူ၏”ဟု ပြောဆိုကြ၏။ မြန်မာ အတိုင်းထက်အလွန် မိန်းမောတွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာ ပြုတော်မူပြီ။ နားပင်းသောသူတို့ကို ကြားစေတော်မူပြီ။ အသောသူတို့ကို စကားပြောစေတော်မူပြီဟု ဆိုကြ၏။ |
ထိုသူတို့ ထွက်ခွာသွားကြပြီးနောက် လူတချို့သည် နတ်ဆိုးပူးသော ဆွံ့အသူတစ်ဦးကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသွန်သင်မှုအသစ်သည် မည်သို့နည်း။ အာဏာပါသည့် သွန်သင်မှုပါတကား။ နတ်ဆိုးများပင် သူ၏ အမိန့်ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
ထိုသူသည် ချက်ချင်း ထ၍ ထမ်းစင်ကို ယူကာ လူထုကြားမှ ထွက်သွားလေ၏။ လူတို့သည် အံ့အားသင့်လျက် “ဤသို့သောအဖြစ်အပျက်မျိုးကို မည်သည့်အခါမျှ မမြင်ဖူးပါ” ဟု ပြောဆိုကာ ဘုရားသခင်ကို ချီးမွမ်းကြ၏။
တပည့်တော်တို့သည်လည်း အလွန်အံ့သြထိတ်လန့်လျက် “ဤသူသည် မည်သူနည်း။ လေနှင့် လှိုင်းတံပိုးတို့ပင်လျှင် သူ့ကို နာခံကြသည်” ဟု အချင်းချင်း ပြောဆိုကြ၏။
ထိုအခါ မိန်းကလေးသည် ချက်ချင်းထ၍ လမ်းလျှောက်လေ၏။ သူသည် ဆယ့်နှစ်နှစ်အရွယ်ရှိ၏။ ထိုအခါ လူတို့သည် အလွန်အံ့အားသင့်ကြ၏။
ထို့နောက် သူတို့ရှိရာ လှေပေါ်သို့ တက်တော်မူလျှင် လေငြိမ်သွားလေ၏။ တပည့်တော်တို့သည် အလွန်မိန်းမောတွေဝေလျက် နေကြ၏။
ထိုအကြောင်းကို မည်သူ့ကိုမျှ မပြောရန် ကိုယ်တော်သည် လူတို့ကို မှာကြားတော်မူ၏။ သို့သော်လည်း ထိုသို့ မှာကြားတော်မူလေ၊ သူတို့သည် သတင်းတော်ကို ပြောကြလေဖြစ်၏။
ထိုအချိန်တွင် လူအုပ်ကြီးသည် ထပ်မံစုဝေးကြရာ စားစရာမရှိကြသဖြင့် ယေရှုသည် တပည့်တော်တို့ကို ခေါ်၍
ငါတို့သည် အမှန်ပင် ကိုယ့်ပြစ်မှုများအတိုင်း ထိုက်သင့်သည့်ပြစ်ဒဏ်ကို တရားစွာခံရကြ၏။ သို့သော် ဤသူသည် မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ပါ” ဟု ပြောဆိုဆုံးမ၏။
လူထုကြီးသည် ပေါလုပြုသောအမှုကို မြင်သောအခါ “ဘုရားများသည် လူယောင်ဆောင်၍ ငါတို့ထံဆင်းကြွလာပြီ” ဟု လုကောနိဘာသာစကားဖြင့် အော်ဟစ်ပြောဆိုကြ၏။