Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 7:37 - မြန်မာ

37 အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ သူ​သည် အ​လုံး​စုံ​တို့​ကို လျောက်​ပတ်​စွာ ပြု​တော်​မူ​ပြီ။ နား​ပင်း​သော​သူ​တို့​ကို ကြားစေတော်မူပြီ။ အသောသူတို့ကို စ​ကား​ပြော​စေ​တော်​မူ​ပြီ​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​ရ​သည့် လူ​အ​ပေါင်း​တို့​သည်​လွန်​မင်း​စွာ​အံ့​သြ​ကြ လျက် ``ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​မှု​တို့ ကို​လျောက်​ပတ်​စွာ​ပြု​တော်​မူ​ပြီ။ နား​ပင်း​သူ​တို့ ကို​ကြား​စေ​တော်​မူ​ပြီ။ ဆွံ့​အ​သူ​တို့​ကို​စ​ကား ပြော​စေ​တော်​မူ​ပြီ'' ဟု​ပြော​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 ထို သူ တို့ လည်း အ တိုင်း ထက် အ လွန် အံ့ သြ၍ အ ရာ ခပ် သိမ်း ကို ကောင်း မွန် စွာ ပြု လေ ပြီ။ သူ ပင်း သူ အ တို့ ပင် ကြား နာ ပြော ဆို နိုင် အောင် ပြု လေ ပြီ တ ကား ဟု ဆို ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ သူ​သည် အ​လုံး​စုံ​တို့​ကို လျောက်​ပတ်​စွာ ပြု​တော်​မူ​ပြီ။ နား​ပင်း​သော​သူ​တို့​ကို ကြားစေတော်မူပြီ။ အသောသူတို့ကို စ​ကား​ပြော​စေ​တော်​မူ​ပြီ​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 လူ​တို့​သည် အတိုင်းထက်အလွန်​အံ့အားသင့်​လျက် “ကိုယ်တော်​သည် အလုံးစုံ​တို့​ကို လျောက်ပတ်​စွာ​ပြု​တော်မူ​ပြီ။ နားမကြား​သော​သူ​ကို ကြား​စေ​တော်မူ​၍ ဆွံ့အ​သော​သူ​ကို​စကား​ပြော​စေ​တော်မူ​၏”​ဟု ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 ထို​သူတို့​သည် အလွန်အမင်း အံ့အားသင့်​လျက် “ထို​အရှင်​ပြုသမျှ​သည် အံ့ဖွယ်​ဖြစ်၏။ နားမကြားသူ​ကို ကြားစေ​၍ ဆွံ့အသူ​ကို စကားပြောစေတော်မူပြီ” ဟု ဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 7:37
16 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် ထွက်​သွား​ကြ​သည်​နောက်၊ နတ်​ဆိုး​စွဲ​သော လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။-


လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍၊ ဤ​အ​မှု​သည် အ​ဘယ်​သို့​နည်း။ ဤ​ဆုံး​မ​ခြင်း​အ​သစ်​သည် အ​ဘယ်​သို့​နည်း။ ညစ်​ညူး​သော​နတ်​တို့​ကို​ပင် အာ​ဏာ​နှင့်​မှာ​ထား၍၊ သူ​တို့​သည် နား​ထောင်​ကြ​သည်​တ​ကား​ဟု အ​ချင်း​ချင်း မေး​မြန်း​ပြော​ဆို​ကြ၏။-


ထို​သူ​သည်​လည်း ချက်​ချင်း​ထ၍ အိပ်​ရာ​ကို​ဆောင်​လျက် လူ​အ​ပေါင်း​တို့​ရှေ့​မှာ ထွက်​သွား၏။ ထို​လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ ဤ​ကဲ့​သို့ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး​ဟု ပြော​ဆို၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။


သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။


ထို​ခ​ဏ​ချင်း​တွင် မိန်း​မ​ငယ်​သည် ထ၍​လှမ်း​သွား၏။ သူ​သည် တစ်​ဆယ်​နှစ်​နှစ်​အ​ရွယ် ရှိ၏။ ထို​သူ​တို့​သည် အ​လွန် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်​ကြ၏။-


လှေ​ပေါ်၌ သူ​တို့​ရှိ​ရာ​သို့ တက်​တော်​မူ​လျှင် လေ​သည်​ငြိမ်​လေ၏။ ထို​သူ​တို့​သည် အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​အံ့​ဩ​ခြင်း​သို့ ရောက်​ကြ၏။-


ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စေ​ခြင်း​ငှာ သူ​တို့​ကို ပ​ညတ်​တော်​မူ၏။ ပ​ညတ်​တော်​မူ​သော်​လည်း သူ​တို့​သည် သာ၍ အ​လွန်​သ​တင်း ကြား​ပြော​ကြ၏။-


ထို​အ​ခါ စု​ဝေး​သော​သူ​အ​လွန်​များ၍ စား​စ​ရာ​မ​ရှိ​လျှင်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို ခေါ်၍၊-


ငါ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​ပြစ်​နှင့်​အ​လျောက် ခံ​ရ​သည်​ဖြစ်၍ တ​ရား​သ​ဖြင့် ခံ​ရ​ကြ၏။ ဤ​သူ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ မ​ပြု​ဟု​ဆို​ပြီး​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ