ယေရှုသည် သနားတော်မူသဖြင့် လက်တော်ကို ဆန့်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။
ရှင်မာကု 7:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကောင်းကင်သို့ မော့ကြည့်၍ သက်ပြင်းချကာ “ဧဖသ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်မှာ “ပွင့်စေ” ဟု ဆိုလို၏။ Common Language Bible ထိုနောက်ကောင်းကင်သို့မျှော်ကြည့်လျက်သက် ပြင်းချကာ ``ဧဖသ'' ဟုမိန့်တော်မူ၏။ ဧဖသ အနက်ကား ``ပွင့်စေ'' ဟူသတည်း။ Garrad Bible ကောင်း ကင် သို့ မြော် ကြည့် လျက် ရှူ ရှိုက်၍ ပွင့် စေ ဆို လို သော ဧ ဖ သ ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ထိုနောက် ကောင်းကင်သို့ ကြည့်မျှော်၍ ညည်းတွားသံကိုပြုလျက်၊ ဧဖသဟု မိန့်တော်မူ၏။ အနက်ကား၊ ပွင့်စေဟု ဆိုလိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မိုးကောင်းကင်သို့မျှော်ကြည့်လျက် သက်ပြင်းချကာ“ဧဖသ”ဟု မိန့်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“ပွင့်စေ”ဟူ၍ ဖြစ်၏။ မြန်မာ ထိုနောက် ကောင်းကင်သို့ ကြည့်မျှော်၍ ညည်းတွားသံကိုပြုလျက်၊ ဧဖသဟု မိန့်တော်မူ၏။ အနက်ကား၊ ပွင့်စေဟု ဆိုလိုသတည်း။- |
ယေရှုသည် သနားတော်မူသဖြင့် လက်တော်ကို ဆန့်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။
မွန်းလွဲသုံးနာရီအချိန်ခန့်တွင် ယေရှုက “ဧလိ… ဧလိ… လာမရှာဗခသာနိ” ဟု ကျယ်လောင်စွာ အော်ဟစ်တော်မူ၏။ ထိုစကား၏အဓိပ္ပာယ်မှာ “အကျွန်ုပ်ဘုရား… အကျွန်ုပ်ဘုရား… အကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူပါသနည်း” ဟူ၍ ဖြစ်၏။
ကိုယ်တော်သည် မိန်းကလေး၏ လက်ကိုကိုင်တော်မူလျက် “တာလိတကုမိ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်မှာ “မိန်းကလေး… ထလော့” ဟု ဆိုလို၏။
ထို့နောက် ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူလျက် ကောင်းကင်သို့ မျှော်ကြည့်ကာ ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ ပြီးမှ မုန့်ကို ချိုးဖဲ့၍ လူထုပရိသတ်တို့ကို ဝေငှရန် တပည့်တော်တို့အား ပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း လူတို့အား ဝေတော်မူ၏။
ထိုအခါ ကိုယ်တော်သည် စိတ်တော်မချမ်းမသာဖြစ်လျက် သက်ပြင်းချတော်မူပြီးလျှင် “ဤမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာကို တောင်းကြသနည်း။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်မျက်စိကို မြင်စေပြီ” ဟု မိန့်တော်မူ၏။
ဂျေရုဆလင်မြို့နှင့် နီးလာသောအခါ ယေရှုသည် မြို့တော်ကိုမြင်၍ ငိုကြွေးတော်မူလျက်
ထို့နောက် ယေရှုက အနီးသို့ ချဉ်းကပ်၍ အလောင်းစင်ကိုတို့တော်မူလျှင် အလောင်းထမ်းသူများသည်ရပ်လျက်နေကြ၏။ ယေရှုကလည်း “အို လူငယ်… သင့်အား ငါအမိန့်ပေးသည်။ ထလော့” ဟု မိန့်တော်မူ၏။
ယေရှုသည် မာရိငိုကြွေးသည်ကိုလည်းကောင်း၊ မာရိနှင့်အတူလိုက်လာသော ဂျူးလူမျိုးတို့လည်း ငိုကြွေးကြသည်ကိုလည်းကောင်း မြင်တော်မူသောအခါ အလွန်ဝမ်းနည်း၍ စိတ်မချမ်းမသာဖြစ်တော်မူ၏။
ယေရှုသည် တစ်ဖန် အလွန်ဝမ်းနည်းလျက် သင်္ချိုင်းသို့ ကြွတော်မူ၏။ ထိုသင်္ချိုင်းသည် ဂူဖြစ်သောကြောင့် ဂူတွင်းဝကို ကျောက်တုံးဖြင့် ပိတ်ထား၏။
သို့ဖြစ်၍ လူတို့သည် ကျောက်တုံးကို ရွှေ့ကြ၏။ ယေရှုသည် ကောင်းကင်သို့ မျှော်ကြည့်တော်မူပြီးလျှင် “အို အဖ… အကျွန်ုပ်တောင်းလျှောက်သည်ကို နားဆင်တော်မူပြီဖြစ်သောကြောင့် ကျေးဇူးတင်ပါ၏။
ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ ယေရှုသည် ကောင်းကင်သို့ မျှော်ကြည့်လျက် “အို အဖ… အချိန်ကျပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေနိုင်ရန် ကိုယ်တော်သည် သားတော်၏ဘုန်းကို ထင်ရှားစေတော်မူပါ။
ပေတရုက ထိုသူအား “အဲနေ၊ ယေရှုခရစ်တော်သည် သင့်ကို ကျန်းမာစေပြီ။ ထ၍ အိပ်ရာသိမ်းလော့” ဟု ဆိုသော် သူသည်ချက်ချင်းထလေ၏။
ပေတရုသည် ထိုသူအားလုံးတို့ကို အပြင်သို့ထွက်စေပြီး ဒူးထောက်လျက် ဆုတောင်းလေ၏။ အလောင်းရှိရာသို့ လှည့်၍ “တဗိသ… ထလော့” ဟု ဆို၏။ တဗိသသည်လည်း မျက်စိကိုဖွင့်ရာ ပေတရုကိုတွေ့မြင်သဖြင့် ထထိုင်လေ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းသည် ကျွန်ုပ်တို့၏ အားနည်းချက်များကို မစာနာမထောက်ထားနိုင်သူ မဟုတ်။ ကိုယ်တော်သည် ကျွန်ုပ်တို့နည်းတူ ဖြားယောင်းသွေးဆောင်မှုအမျိုးမျိုးကို တွေ့ကြုံခဲ့သောအရှင်ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်သည် အပြစ်နှင့်ကင်းလွတ်တော်မူ၏။