ဤသို့ဖြင့် သင်တို့သည် သင်တို့၏ဓလေ့ထုံးတမ်းကို လက်ဆင့်ကမ်း၍ ဘုရားသခင်၏ပညတ်တော်ကို ပစ်ပယ်ကြ၏။ ထိုသို့သော အမှုများစွာတို့ကိုလည်း သင်တို့ပြုကြ၏” ဟု မိန့်တော်မူ၏။
ရှင်မာကု 7:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း (ဖာရိရှဲများမှစ၍ ဂျူးလူမျိုးအပေါင်းတို့သည် ရှေးလူကြီးတို့၏ ဓလေ့ထုံးတမ်းကို စောင့်ထိန်းသောအားဖြင့် လက်ကို ကျင့်ထုံးအတိုင်း မဆေးကြောဘဲ အစာစားလေ့မရှိကြ။ Common Language Bible (ဖာရိရှဲများနှင့်ယုဒအမျိုးသားအပေါင်း တို့သည် ရှေးလူကြီးတို့၏ထုံးတမ်းစဉ်လာများ ကိုလိုက်နာကျင့်သုံးကြ၏။ လက်ကိုလက်ကောက် ဝတ်အထိ ဦးစွာမဆေးကြောဘဲအစားအစာ စားလေ့မရှိကြ။- Garrad Bible ဖာ ရိ ရှဲ တို့ မှ စ၍ ယု ဒ လူ အ ပေါင်း တို့ သည် လူ ကြီး တို့ ရှေး ထုံး နည်း ကို စွဲ မြဲ လျက် စင် ကြယ် စွာ လက် မ ဆေး ဘဲ စား လေ့ မ ရှိ။ Judson Bible အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကိုခံယူသော ဖာရိရှဲမှစ၍ ယုဒလူအပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကို စားလေ့မရှိ။- မြန်မာ့စံမီသမ္မာကျမ်း (ဖာရိရှဲတို့မှစ၍ ဂျူးလူမျိုးအပေါင်းတို့သည် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံး၍ လက်ကို ကျင့်ထုံးအတိုင်းမဆေးဘဲ အစာစားလေ့မရှိကြ။ မြန်မာ အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကိုခံယူသော ဖာရိရှဲမှစ၍ ယုဒလူအပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကို စားလေ့မရှိ။- |
ဤသို့ဖြင့် သင်တို့သည် သင်တို့၏ဓလေ့ထုံးတမ်းကို လက်ဆင့်ကမ်း၍ ဘုရားသခင်၏ပညတ်တော်ကို ပစ်ပယ်ကြ၏။ ထိုသို့သော အမှုများစွာတို့ကိုလည်း သင်တို့ပြုကြ၏” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “သင်၏တပည့်တို့သည် ရှေးလူကြီးများ၏ ဓလေ့ထုံးတမ်းကို အဘယ်ကြောင့် မလိုက်နာကြသနည်း။ သူတို့သည် အစာမစားမီ ဂျူးဓလေ့ထုံးတမ်းအရ လက်ဆေးခြင်းအစဉ်အလာကို မလိုက်နာဘဲ စားကြသည်” ဟု ဆိုကြ၏။
သို့သော် အစာမသုံးဆောင်မီ ကိုယ်တော်သည် ဂျူးဓလေ့ထုံးတမ်းအရ လိုက်နာရသောလက်ဆေးခြင်းအစဉ်အလာ ပြုတော်မမူသည်ကို ထိုဖာရိရှဲသည် မြင်၍ အံ့သြလေ၏။
ထိုနေရာ၌ ဂျူးဘာသာဝင်တို့ဓလေ့ထုံးတမ်းအရ ဆေးကြောသန့်စင်ခြင်းကိုပြုလုပ်ရန် ထားသော ဂါလန်နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်စီ ဝင်ဆံ့သည့် ကျောက်ရေအိုးခြောက်လုံးရှိ၏။
ကျွန်ုပ်သည် ဂျူးဘာသာ၏ ယုံကြည်မှုကို လိုက်နာကျင့်သုံးရာတွင် ကျွန်ုပ်၏ လူမျိုးထဲမှ သက်တူရွယ်တူများထက် သာလွန်ပြီး ဘိုးဘေးတို့၏ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းရာတွင်လည်း အလွန်စိတ်အားထက်သန်ခဲ့သူ ဖြစ်၏။
ခရစ်တော်၏ တရားကို အခြေမခံဘဲ လောကီအခြေခံမူနှင့် လူ့ဓလေ့ထုံးတမ်းကို အခြေခံသည့် အတွေးအခေါ်နှင့် အနှစ်သာရမရှိသော လှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကို မသိမ်းသွင်းနိုင်စေရန် သတိပြုကြလော့။
ဘိုးဘေးများထံမှ ဆက်ခံရရှိသော အချည်းနှီးပြုမူနေထိုင်ခြင်းထဲမှ သင်တို့ကို ဘုရားသခင်ရွေးနုတ်တော်မူကြောင်း သင်တို့သိကြ၏။ ထိုသို့ရွေးနုတ်တော်မူရာတွင် ရွှေ၊ ငွေကဲ့သို့ ပျက်စီးတတ်သည့်အရာများဖြင့် ရွေးနုတ်တော်မူသည်မဟုတ်။