ငါပိုင်သည့် ငွေကို ငါသုံးလိုသည့်အတိုင်း သုံးခွင့်မရှိသလော။ ငါသည် ရက်ရောသောကြောင့် သင်တို့သည် မနာလိုစိတ်ရှိသလော’ ဟု တုံ့ပြန်၏။
ရှင်မာကု 7:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ လောဘလွန်ကြူးခြင်း၊ ဆိုးယုတ်ခြင်း၊ လှည့်စားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ပညာမဲ့ခြင်း၊ Common Language Bible သူ့အိမ်ရာကိုပြစ်မှားခြင်း၊ လောဘလွန်ကူး ခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်လှည့်စား ခြင်း၊ တရားလက်လွတ်ပြုမူခြင်း၊ မနာလိုခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ မာနထောင်လွှားခြင်း၊ လျှပ်ပေါ်လော်လည်ခြင်း- Garrad Bible သူ့ ဥ စ္စာ ကို ခိုး ခြင်း၊ သူ့ အ သက် ကို သတ် ခြင်း၊ သူ့ သား အိမ် ရာ ကို ပြစ် မှား ခြင်း၊ တပ် မက် ခြင်း၊ ဆိုး သွမ်း ခြင်း၊ လှည့် ဖျား ခြင်း၊ ကာ မ ဂုဏ် ကြူး ခြင်း၊ မျက် မုန်း ကျိုး ခြင်း၊ ကုန်း ချော ခြင်း၊ မာ န ကြီး ခြင်း၊ မိုက် မဲ ခြင်း များ ထွက်၏။ Judson Bible သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊- မြန်မာ့စံမီသမ္မာကျမ်း အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။ မြန်မာ သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊- |
ငါပိုင်သည့် ငွေကို ငါသုံးလိုသည့်အတိုင်း သုံးခွင့်မရှိသလော။ ငါသည် ရက်ရောသောကြောင့် သင်တို့သည် မနာလိုစိတ်ရှိသလော’ ဟု တုံ့ပြန်၏။
သို့ရာတွင် သင်၏ မျက်စိသည် မကောင်းလျှင် သင်၏ ကိုယ်ခန္ဓာတစ်ခုလုံး မှောင်မိုက်နေလိမ့်မည်။ ထို့ကြောင့် သင့်အထဲ၌ ရှိသည့် အလင်းဟု သင်ထင်မှတ်သောအရာသည် အမှောင်ဖြစ်ပါက ထိုအမှောင်သည် အလွန်မှောင်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် မကောင်းသောကြံစည်ခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ လူသတ်ခြင်း၊
စသည့် ဆိုးညစ်သောအရာများသည် စိတ်နှလုံးမှ ထွက်လာ၍ လူကိုညစ်ညမ်းစေသည်” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်အား သိကျွမ်းသည့်ဉာဏ်ပညာကို ဆန့်ကျင်သောမာန်မာနတိုင်းကို ဖြိုဖျက်၍ လူ့အတွေးအခေါ်တိုင်းကို ချုပ်နှောင်ကာ ခရစ်တော်၏စကားကို နာခံစေကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ကောင်းမှုပြုခြင်းဖြင့် မိုက်မဲသောသူတို့၏ အသိဉာဏ်မဲ့သောစကားကို တိတ်ဆိတ်စေရန် ဘုရားသခင်အလိုရှိတော်မူသောကြောင့်ဖြစ်၏။
ထိုနည်းတူ ငယ်ရွယ်သောသူတို့… အသင်းတော်အကြီးအကဲတို့ကို နာခံကြလော့။ တစ်ဦးကိုတစ်ဦး အချင်းချင်း ဆက်ဆံရာ၌ နှိမ့်ချသောစိတ်ကို တန်ဆာဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထားသောကြောင့်ဖြစ်၏။